# am/Amharic.xml.gz
# my/Myanmar.xml.gz


(src)="b.GEN.1.1.1"> በመጀመሪያ እግዚአብሔር ሰማይንና ምድርን ፈጠረ ።
(trg)="b.GEN.1.1.1"> အစအဦး ၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ ၏ ။

(src)="b.GEN.1.2.1"> ምድርም ባዶ ነበረች ፥ አንዳችም አልነበረባትም ፤ ጨለማም በጥልቁ ላይ ነበረ ፤ የእግዚአብሔርም መንፈስ በውኃ ላይ ሰፍፎ ነበር ።
(trg)="b.GEN.1.2.1"> မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ ၊ လွတ်လပ်လ ဟာဖြစ် ၏ ။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ ၏ ။

(src)="b.GEN.1.3.1"> እግዚአብሔርም ። ብርሃን ይሁን ኣለ ፤ ብርሃንም ሆነ ።
(trg)="b.GEN.1.3.1"> ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ ၍ အလင်းဖြစ်လေ ၏ ။

(src)="b.GEN.1.4.1"> እግዚአብሔርም ብርሃኑ መልካም እንደ ሆነ አየ ፤ እግዚብሔርም ብርሃንንና ጨለማን ለየ ።
(trg)="b.GEN.1.4.1"> ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင် ၍ ၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ ၏ ။

(src)="b.GEN.1.5.1"> እግዚአብሔርም ብርሃኑን ቀን ብሎ ጠራው ፥ ጨለማውንም ሌሊት አለው ። ማታም ሆነ ጥዋትም ሆነ ፥ አንድ ቀን ።
(trg)="b.GEN.1.5.1"> အလင်းကို နေ့ဟူသောအမည်ဖြင့် ၎ င်း ၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့် ၎ င်း ၊ ခေါ်ဝေါ်သမုတ် တော်မူ ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ ၏ ။

(src)="b.GEN.1.6.1"> እግዚአብሔርም ። በውኆች መካከል ጠፈር ይሁን ፥ በውኃና በውኃ መካከልም ይክፈል አለ ።
(trg)="b.GEN.1.6.1"> တဖန်ဘုရားသခင်က ရေအလယ် ၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့် ၊

(src)="b.GEN.1.7.1"> እግዚአብሔርም ጠፈርን አደረገ ፥ ከጠፈር በታችና ከጠፈር በላይ ያሉትንም ውኆች ለየ ፤ እንዲሁም ሆነ ።
(trg)="b.GEN.1.7.1"> မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ ၍ ၊ မိုဃ်းမျက်နှာကြက်အောက် ၌ ရှိသောရေနှင့် ၊ မိုဃ်းမျက်နှာကြက်အပေါ် ၌ ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ ၏ ။

(src)="b.GEN.1.8.1"> እግዚአብሔር ጠፈርን ሰማይ ብሎ ጠራው ። ማታም ሆነ ጥዋትም ሆነ ፥ ሁለተኛ ቀን ።
(trg)="b.GEN.1.8.1"> မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ ၍ ၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ ၏ ။

(src)="b.GEN.1.9.1"> እግዚአብሔርም ። ከሰማይ በታች ያለው ውኃ በአንድ ስፍራ ይሰብሰብ ፥ የብሱም ይገለጥ አለ እንዲሁም ሆነ ።
(trg)="b.GEN.1.9.1"> တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက် ၌ ရှိသော ရေစုဝေးစေ ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ ၏ ။

(src)="b.GEN.1.10.1"> እግዚአብሔርም የብሱን ምድር ብሎ ጠራው ፤ የውኃ መከማቻውንም ባሕር አለው ፤ እግዚእብሔርም ያ መልካም እንደ ሆነ አየ ።
(trg)="b.GEN.1.10.1"> ကုန်းကိုမြေဟူသော အမည်ဖြင့် ၎ င်း ၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့် ၎ င်း ၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ ၏ ။

(src)="b.GEN.1.11.1"> እግዚአብሔርም ። ምድር ዘርን የሚሰጥ ሣርንና ቡቃያን በምድርም ላይ እንደ ወገኑ ዘሩ ያለበትን ፍሬን የሚያፈራ ዛፍን ታብቅል አለ ፤ እንዲሁም ሆነ ።
(trg)="b.GEN.1.11.1"> တဖန် ဘုရားသခင်က ၊ မြေသည် မြက်ပင်ကို ၎ င်း ၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို ၎ င်း ၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို ၎ င်း ၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ ၏ ။

(src)="b.GEN.1.12.1"> ምድርም ዘርን የሚሰጥ ሣርንና ቡቃያን እንደ ወገኑ ዘሩም ያለበትን ፍሬን የሚያፈራ ዛፍን እንደ ወገኑ አበቀለች ። እግዚአብሔርም ያ መልካም እንደ ሆነ አየ ።
(trg)="b.GEN.1.12.1"> မြေသည်မြက်ပင်ကို ၎ င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို ၎ င်း ၊ မိမိ ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို ၎ င်း ပေါက်စေ ၏ ။

(src)="b.GEN.1.13.1"> ማታም ሆነ ጥዋትም ሆነ ፥ ሦስተኛ ቀን ።
(trg)="b.GEN.1.13.1"> ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ ၏ ။

(src)="b.GEN.1.14.1"> እግዚአብሔርም አለ ። ቀንና ሌሊትን ይለዩ ዘንድ ብርሃናት በሰማይ ጠፈር ይሁኑ ፤ ለምልክቶች ለዘመኖች ለዕለታት ለዓመታትም ይሁኑ ፤
(trg)="b.GEN.1.14.1"> တဖန်ဘုရားသခင်က ၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက် ၌ အလင်းအိမ် တည်စေ ၊ နိမိတ်လက္ခဏာ ၊ ချိန်းချက်သောအချိန် ၊ နေ့ရက် အပိုင်းအခြား ၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ ။

(src)="b.GEN.1.15.1"> በምድር ላይ ያበሩ ዘንድ በሰማይ ጠፈር ብርሃናት ይሁኑ ፤ እንዲሁም ሆነ ።
(trg)="b.GEN.1.15.1"> မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည် ၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ ၏ ။

(src)="b.GEN.1.16.1"> እግዚአብሔርም ሁለት ታላላቆች ብርሃናትን አደረገ ፤ ትልቁ ብርሃን በቀን እንዲሠለጥን ፥ ትንሹም ብርሃን በሌሊት እንዲሰለጥን ፤ ከዋክብትንም ደግሞ አደረገ ።
(trg)="b.GEN.1.16.1"> ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး ၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင် ၊

(src)="b.GEN.1.17.1"> እግዚአብሔርም በምድር ላይ ያበሩ ዘንድ በሰማይ ጠፈር አኖራቸው ፤
(trg)="b.GEN.1.17.1"> မြေကြီး ၌ လင်းစေခြင်းငှာ ၎ င်း ၊ နေ့နှင်ညဉ့်ကို အုပ်စိုး ၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎ င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရားသခင် ထားတော်မူ ၏ ။

(src)="b.GEN.1.18.1"> በቀንም በሌሊትም እንዲሠለጥኑ ፥ ብርሃንንና ጨለማንም እንዲለዩ ፤ እግዚአብሔርም ያ መልካም እንደ ሆነ አየ ።
(trg)="b.GEN.1.18.1"> ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ ၍ ၊

(src)="b.GEN.1.19.1"> ማታም ሆነ ጥዋትም ሆነ ፥ አራተኛ ቀን ።
(trg)="b.GEN.1.19.1"> ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ ၏ ။

(src)="b.GEN.1.20.1"> እግዚአብሔርም አለ ። ውኃ ሕያው ነፍስ ያላቸውን ተንቀሳቃሾች ታስገኝ ፥ ወፎችም ከምድር በላይ ከሰማይ ጠፈር በታች ይብረሩ ።
(trg)="b.GEN.1.20.1"> တဖန်ဘုရားသခင်က အသက်ရှင် ၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ ၏ ။

(src)="b.GEN.1.21.1"> እግዚአብሔርም ታላላቆች አንበሪዎችን ፥ ውኃይቱ እንደ ወገኑ ያስገኘቻቸውንም ተንቀሳቃሾቹን ሕያዋን ፍጥረታት ሁሉ ፥ እንደ ወገኑ የሚበሩትንም ወፎች ሁሉ ፈጠረ ፤ እግዚአብሔርም ያ መልካም እንደ ሆነ አየ ።
(trg)="b.GEN.1.21.1"> ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား ၍ ၊ ငါးကြီးအစရှိသော အသက်ရှင် ၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း ၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို ၎ င်း ဘုရားသခင်ဖန် ဆင်း ၍ ၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ ၏ ။

(src)="b.GEN.1.22.1"> እግዚአብሔርም እንዲህ ብሎ ባረካቸው ። ብዙ ተባዙም የባሕርንም ውኃ ሙሉአት ፤ ወፎችም በምድር ላይ ይብዙ ።
(trg)="b.GEN.1.22.1"> ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့ ။ ပင်လယ်ရေများကို ပြည့်စေကြလော့ ။ ငှက်တို့ လည်း မြေပေါ် ၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ ၍ ၊

(src)="b.GEN.1.23.1"> ማታም ሆነ ጥዋትም ሆነ ፥ አምስተኛ ቀን ።
(trg)="b.GEN.1.23.1"> ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ ၏ ။

(src)="b.GEN.1.24.1"> እግዚአብሔርም አለ ። ምድር ሕያዋን ፍጥረታትን እንደ ወገኑ ፥ እንስሳትንና ተንቀሳቃሾችን የምድር አራዊትንም እንደ ወገኑ ፥ ታውጣ ፤ እንዲሁም ሆነ ።
(trg)="b.GEN.1.24.1"> တဖန်ဘုရားသခင်က ၊ မြေသည် အသက်ရှင်သောသတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို ၎ င်း ၊ တွားတတ်သော တိရစ္ဆာန်တို့ကို ၎ င်း ၊ သားရဲမျိုးတို့ကို ၎ င်း ၊ မွေးဘွားစေဟုအမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ ၏ ။

(src)="b.GEN.1.25.1"> እግዚአብሔር የምድር አራዊትን እንደ ወገኑ አደረገ ፥ እንስሳውንም እንደ ወገኑ ፥ የመሬት ተንቀሳቃሾችንም እንደ ወገኑ አደረገ ፤ እግዚአብሔርም ያ መልካም እንደ ሆነ አየ ።
(trg)="b.GEN.1.25.1"> ထိုသို့ ဘုရားသခင်သည် သားရဲမျိုး ၊ သားယဉ်မျိုး ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်း တို့ကို ဖန်ဆင်း ၍ ၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ ၏ ။

(src)="b.GEN.1.26.1"> እግዚአብሔርም አለ ። ሰውን በመልካችን እንደ ምሳሌአችን እንፍጠር ፤ የባሕር ዓሦችንና የሰማይ ወፎችን ፥ እንስሳትንና ምድርን ሁሉ ፥ በምድር ላይ የሚንቀሳቀሱትንም ሁሉ ይግዙ ።
(trg)="b.GEN.1.26.1"> တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့ ။ သူသည် ပင်လယ်ငါးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎ င်း ၊ သားယဉ်တို့ကို ၎ င်း ၊ မြေတပြင်လုံးနှင့်တကွ ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း ၊ အုပ်စိုးစေဟု အမိန့်တော်ရှိ ၏ ။

(src)="b.GEN.1.27.1"> እግዚአብሔርም ሰውን በመልኩ ፈጠረ ፤ በእግዚአብሔር መልክ ፈጠረው ፤ ወንድና ሴት አድርጎ ፈጠራቸው ።
(trg)="b.GEN.1.27.1"> ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ ၏ ။ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင် ၊

(src)="b.GEN.1.28.1"> እግዚአብሔርም ባረካቸው ፥ እንዲህም አላቸው ። ብዙ ፥ ተባዙ ፥ ምድርንም ሙሉአት ፥ ግዙአትም ፤ የባሕርን ዓሦችና የሰማይን ወፎች በምድር ላይ የሚንቀሳቀሱትንም ሁሉ ግዙአቸው ።
(trg)="b.GEN.1.28.1"> အချင်းတို့ များပြားစွာမွေးဘွားကြလော့ ။ မြေကြီးကို ပြည့်စေ ၍ နိုင်ကြလော့ ။ ပင်လယ်ငါးတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင်ငှက်တို့ကို ၎ င်း ၊ အသက်ရှင် ၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို ၎ င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ ၍ ၊ သူတို့ကိုကောင်းကြီးပေးတော်မူ ၏ ။

(src)="b.GEN.1.29.1"> እግዚአብሔርም አለ ። እነሆ መብል ይሆናችሁ ዘንድ በምድር ፊት ሁሉ ላይ ዘሩ በእርሱ ያለውን ሐመልማል ሁሉ ፥ የዛፍን ፍሬ የሚያፈራውንና ዘር ያለውንም ዛፍ ሁሉ ሰጠኋችሁ ፤
(trg)="b.GEN.1.29.1"> ဘုရားသခင်ကလည်း ကြည့်ရှုလော့ ။ မြေတပြင်လုံး ၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကို ၎ င်း ၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို ၎ င်း ၊ သင်တို့ စားစရာဘို့ ငါပေး ၏ ။

(src)="b.GEN.1.30.1"> ለምድርም አራዊት ሁሉ ፥ ለሰማይም ወፎች ሁሉ ፥ ሕያው ነፍስ ላላቸው ለምድር ተንቀሳቃሾችም ሁሉ የሚበቅለው ሐመልማል ሁሉ መብል ይሁንላቸው ፤ እንዲሁም ሆነ ።
(trg)="b.GEN.1.30.1"> မြေသား ၊ မိုဃ်းကောင်းကင်ငှက် ၊ အသက်ရှင် ၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ စားစရာဘို့ ၊ မြက်ပင်အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်းဖြစ်လေ ၏ ။

(src)="b.GEN.1.31.1"> እግዚአብሔርም ያደረገውን ሁሉ አየ ፥ እነሆም እጅግ መልካም ነበረ ። ማታም ሆነ ጥዋትም ሆነ ፥ ስድስተኛ ቀን ።
(trg)="b.GEN.1.31.1"> ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် ၊ အလွန်ကောင်းသည်ကို မြင်တော်မူ ၍ ၊ ညဦးနှင့် နံနက်သည် ဆဌမနေ့ရက်ဖြစ်လေ ၏ ။

(src)="b.GEN.2.1.1"> ሰማይና ምድር ሠራዊታቸውም ሁሉ ተፈጸሙ ።
(trg)="b.GEN.2.1.1"> ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ ၏ ။

(src)="b.GEN.2.2.1"> እግዚአብሔርም የሠራውን ሥራ በሰባተኛው ቀን ፈጸመ ፤ በሰባተኛውም ቀን ከሠራው ሥራ ሁሉ ዐረፈ ።
(trg)="b.GEN.2.2.1"> သတ္တမနေ့ရက်ရောက်လျှင် ၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ် ၍ ၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ ၊ ထိုသတ္တမနေ့ ၌ ငြိမ်ဝပ်စွာနေတော်မူ ၏ ။

(src)="b.GEN.2.3.1"> እግዚአብሔርም ሰባተኛውን ቀን ባረከው ቀደሰውም ፤ እግዚአብሔር ሊያደርገው ከፈጠረው ሥራ ሁሉ በእርሱ ዐርፎአልና ።
(trg)="b.GEN.2.3.1"> ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး ၍ သန့်ရှင်းစေတော်မူ ၏ ။ အကြောင်းမူကား ၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက် ၌ ငြိမ်ဝပ်စွာနေ တော်မူ ၏ ။

(src)="b.GEN.2.4.1"> እግዚአብሔር አምላክ ሰማይንና ምድርን ባደረገ አምላክ ሰማይንና ምድርን ቀን ፥ በተፈጠሩ ጊዜ የሰማይና የምድር ልደት ይህ ነው ።
(trg)="b.GEN.2.4.1"> ဤအကြောင်းအရာကား ၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့ ၊ ဖန်ဆင်းရာကာလ ၌ ကောင်းကင်နှင့်မြေကြီး ၏ မူလအတ္ထုပတ္တိပေတည်း ။

(src)="b.GEN.2.5.1"> የሜዳ ቁጥቋጦ ሁሉ በምድር ላይ ገና አልነበረም ፤ የሜዳውም ቡቃያ ሁሉ ገና አልበቀለም ነበር ፤ እግዚአብሔር አምላክ ምድር ላይ አላዘነበም ነበርና ፥ ምድርንም የሚሠራባት ሰው አልነበረም ፤
(trg)="b.GEN.2.5.1"> မြေ ၌ လယ်ယာပျိုးပင်မပေါက်မှီ ၊ လယ်ယာ ၌ စပါးပင်မကြီးပွားမှီ ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ ၏ ။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ် ၌ မိုဃ်းကိုရွာစေတော်မမူသေး ။ မြေ ၌ လုပ်သော လူလည်း မရှိသေးသည်ဖြစ် ၍ ၊

(src)="b.GEN.2.6.1"> ነገር ግን ጉም ከምድር ትወጣ ነበር ፥ የምድርንም ፊት ሁሉ ታጠጣ ነበር ።
(trg)="b.GEN.2.6.1"> မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ ၏ ။

(src)="b.GEN.2.7.1"> እግዚአብሔር አምላክም ሰውን ከምድር አፈር አበጀው ፤ በአፍንጫውም የሕይወት እስትንፋስን እፍ አለበት ፤ ሰውም ሕያው ነፍስ ያለው ሆነ ።
(trg)="b.GEN.2.7.1"> ထိုနောက် ၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း ၍ ၊ သူ ၏ နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင် ၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ ၏ ။

(src)="b.GEN.2.8.1"> እግዚአብሔር አምላክም በምሥራቅ በዔድን ገነትን ተከለ የፈጠረውንም ሰው ከዚያው አኖረው ።
(trg)="b.GEN.2.8.1"> ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ၊ ဧဒင်အရပ် ၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင် ၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ် ၌ နေရာချတော်မူ ၏ ။

(src)="b.GEN.2.9.1"> እግዚአብሔር አምላክም ለማየት ደስ የሚያሰኘውን ፥ ለመብላትም መልካም የሆነውን ዛፍ ሁሉ ከምድር አበቀለ ፤ በገነትም መካከል የሕይወትን ዛፍ ፥ መልካምንና ክፉን የሚያስታውቀውንም ዛፍ አበቀለ ።
(trg)="b.GEN.2.9.1"> ထိုမြေထဲက အဆင်းလှ ၍ ၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ ၏ ။ ထိုဥယျာဉ်အလယ် ၌ အသက်ပင်လည်းရှိ ၏ ။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ ၏ ။

(src)="b.GEN.2.10.1"> ወንዝም ገነትን ያጠጣ ዘንድ ከዔድን ይወጣ ነበር ፤ ከዚያም ለአራት ክፍል ይከፈል ነበር ።
(trg)="b.GEN.2.10.1"> ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့် ၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ ၍ မြစ်မလေးသွယ်ဖြစ်လေ ၏ ။

(src)="b.GEN.2.11.1"> የአንደኛው ወንዝ ስም ፊሶን ነው ፤ እርሱም ወርቅ የሚገኝበትን የኤውላጥ ምድርን ይከብባል ፤ የዚያም ምድር ወርቅ ጥሩ ነው ፤
(trg)="b.GEN.2.11.1"> ပဌမမြစ်ကား ဖိရုန်အမည်ရှိ ၏ ။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ ၏ ။

(src)="b.GEN.2.12.1"> ከዚያም ሉልና የከበረ ድንጋይ ይገኛል ።
(trg)="b.GEN.2.12.1"> ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ ၏ ။

(src)="b.GEN.2.13.1"> የሁለተኛውም ወንዝ ስም ግዮን ነው ፤ እርሱም የኢትዮጵያን ምድር ሁሉ ይከብባል ።
(trg)="b.GEN.2.13.1"> ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ ၏ ။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ ၏ ။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ ၏ ။

(src)="b.GEN.2.14.1"> የሦስተኛውም ወንዝ ስም ጤግሮስ ነው ፤ እርሱም በአሦር ምሥራቅ የሚሄድ ነው ።
(trg)="b.GEN.2.14.1"> တတိယမြစ်ကား ဟိဒကေလအမည်ရှိ ၏ ။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ ၏ ။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ ၏ ။

(src)="b.GEN.2.15.1"> አራተኛውም ወንዝ ኤፍራጥስ ነው ። እግዚአብሔር አምላክም ሰውን ወስዶ ያበጃትም ይጠብቃትም ዘንድ በዔድን ገነት አኖረው ።
(trg)="b.GEN.2.15.1"> ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ ၏ ။

(src)="b.GEN.2.16.1"> እግዚአብሔር አምላክም ሰውን እንዲህ ብሎ አዘዘው ። ከገነት ዛፍ ሁሉ ትበላለህ ፤
(trg)="b.GEN.2.16.1"> ထာဝရအရှင်ဘုရားသခင်ကလည်း ၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ၊ ထိုဥယျာဉ် ၌ ရှိသမျှသော အပင်တို့ ၏ အသီးကို သင်သည် စားရသောအခွင့်ရှိ ၏ ။

(src)="b.GEN.2.17.1"> ነገር ግን መልካምንና ክፉን ከሚያስታውቀው ዛፍ አትብላ ፤ ከእርሱ በበላህ ቀን ሞትን ትሞታለህና ።
(trg)="b.GEN.2.17.1"> ထိုအပင် ၏ အသီးကိုကား မစားရ ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ ၏ ။

(src)="b.GEN.2.18.1"> እግዚአብሔር አምላክም አለ ። ሰው ብቻውን ይሆን ዘንድ መልካም አይደለም ፤ የሚመቸውን ረዳት እንፍጠርለት ።
(trg)="b.GEN.2.18.1"> ထာဝရအရှင်ဘုရားသခင်ကလည်း ၊ ယောက်ျားသည် တယောက်တည်းမနေကောင်း ၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ ၏ ။

(src)="b.GEN.2.19.1"> እግዚአብሔር አምላክም የምድር አራዊትንና የሰማይ ወፎችን ሁሉ ከመሬት አደረገ ፤ በምን ስም እንደሚጠራቸውም ያይ ዘንድ ወደ አዳም አመጣቸው ፤ አዳምም ሕያው ነፍስ ላለው ሁሉ በስሙ እንደ ጠራው ስሙ ያው ሆነ ።
(trg)="b.GEN.2.19.1"> ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် ၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင် ၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ ၏ ။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည်အသီးအသီးရှိကြ ၏ ။

(src)="b.GEN.2.20.1"> አዳምም ለእንስሳት ሁሉ ፥ ለሰማይ ወፎችም ሁሉ ፥ ለምድር አራዊትም ሁሉ ስም አወጣላቸው ፤ ነገር ግን ለአዳም እንደ እርሱ ያለ ረዳት አልተገኘለትም ነበር ።
(trg)="b.GEN.2.20.1"> ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို ၎ င်း ၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို ၎ င်း ၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို ၎ င်း ၊ သားရဲအပေါင်းတို့ကို ၎ င်း ၊ အမည်ပေး ၍ မှည့်လေ ၏ ။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး ၊

(src)="b.GEN.2.21.1"> እግዚአብሔር አምላክም በአዳም ከባድ እንቅልፍን ጣለበት ፥ አንቀላፋም ፤ ከጎኑም አንዲት አጥንትን ወስዶ ስፍራውን በሥጋ ዘጋው ።
(trg)="b.GEN.2.21.1"> ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ ၍ ၊ လူသည် အိပ်ပျော်စဉ် ၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင် ၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ ၏ ။

(src)="b.GEN.2.22.1"> እግዚአብሔር አምላክም ከአዳም የወሰዳትን አጥንት ሴት አድርጎ ሠራት ፤ ወደ አዳምም አመጣት ።
(trg)="b.GEN.2.22.1"> ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း ၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ ၏ ။

(src)="b.GEN.2.23.1"> አዳምም አለ ። ይህች አጥንት ከአጥንቴ ናት ፥ ሥጋም ከሥጋዬ ናት ፤ እርስዋ ከወንድ ተገኝታለችና ሴት ትባል ።
(trg)="b.GEN.2.23.1"> လူကလည်း ၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး ၊ ငါ့အသားထဲက အသားဖြစ် ၏ ။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ ၏ ။

(src)="b.GEN.2.24.1"> ስለዚህ ሰው አባቱንና እናቱን ይተዋል ፥ በሚስቱም ይጣበቃል ፤ ሁለቱም አንድ ሥጋ ይሆናሉ ።
(trg)="b.GEN.2.24.1"> ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့် ၍ ၊ ကိုယ့်ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည် ။

(src)="b.GEN.2.25.1"> አዳምና ሚስቱ ሁለቱም ዕራቁታቸውን ነበሩ ፥ አይተፋፈሩም ነበር ።
(trg)="b.GEN.2.25.1"> ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ ၍ ၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ ၏ ။

(src)="b.GEN.3.1.1"> እባብም እግዚአብሔር አምላክ ከፈጠረው ከምድር አውሬ ሁሉ ይልቅ ተንኰለኛ ነበረ ። ሴቲቱንም ። በውኑ እግዚአብሔር ከገነት ዛፍ ሁሉ እንዳትበሉ አዝዞአልን ? አላት ።
(trg)="b.GEN.3.1.1"> မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်သကာတို့ထက် လိမ္မာသည် ဖြစ် ၍ ၊ မိန်းမအား သင်တို့သည် ဥယျာဉ် ၌ ရှိသမျှသောအပင်တို့ ၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရား သခင်မိန့်တော်မူသလောဟု မေး ၏ ။

(src)="b.GEN.3.2.1"> ሴቲቱም ለእባቡ አለችው ። በገነት ካለው ከዛፍ ፍሬ እንበላለን ፤
(trg)="b.GEN.3.2.1"> မိန်းမကလည်း ၊ ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့ ၏ အသီးကိုစားရသော အခွင့်ရှိ ၏ ။

(src)="b.GEN.3.3.1"> ነገር ግን በገነት መካከል ካለው ከዛፉ ፍሬ ፥ እግዚአብሔር አለ ። እንዳትሞቱ ከእርሱ አትብሉ አትንኩትም ።
(trg)="b.GEN.3.3.1"> ဥယျာဉ်အလယ် ၌ ရှိသော အပင် ၏ အသီးကိုကား ၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့ ၊ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို ၏ ။

(src)="b.GEN.3.4.1"> እባብም ለሴቲቱ አላት ። ሞትን አትሞቱም ፤
(trg)="b.GEN.3.4.1"> မြွေကလည်း သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ် ၊

(src)="b.GEN.3.5.1"> ከእርስዋ በበላችሁ ቀን ዓይኖቻችሁ እንዲከፈቱ እንደ እግዚአብሔርም መልካምንና ክፉን የምታውቁ እንድትሆኑ እግዚአብሔር ስለሚያውቅ ነው እንጂ ።
(trg)="b.GEN.3.5.1"> အကြောင်းမူကား ၊ ထိုအသီးကိုစားသောနေ့ ၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကို သိ ၍ ၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြ လတံ့သည်ကို ၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို ၏ ။

(src)="b.GEN.3.6.1"> ሴቲቱም ዛፉ ለመብላት ያማረ እንደ ሆነ ፥ ለዓይንም እንደሚያስጎመጅ ፥ ለጥበብም መልካም እንደ ሆነ አየች ፤ ከፍሬውም ወሰደችና በላች ፤ ለባልዋም ደግሞ ሰጠችው እርሱም ከእርስዋ ጋር በላ ።
(trg)="b.GEN.3.6.1"> ထိုအပင်သည် စားဘွယ်ကောင်းခြင်း ၊ အဆင်းလည်းလှခြင်း ၊ ပညာတိုးပွားစေလိုသောငှါ ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင် ၊ အသီးကို ယူ ၍ စား ၏ ။ မိမိခင်ပွန်းအားလည်း ပေး ၍ သူသည်လည်း စား ၏ ။

(src)="b.GEN.3.7.1"> የሁለቱም ዓይኖች ተከፈቱ ፥ እነርሱም ዕራቁታቸውን እንደ ሆኑ አወቁ ፤ የበለስንም ቅጠሎች ሰፍተው ለእነርሱ ለራሳቸው ግልድም አደረጉ ።
(trg)="b.GEN.3.7.1"> ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း ၍ မိမိတို့ ၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင် ၊ မိမိတို့ ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ် ၍ ခါးစည်းကိုလုပ်ကြ ၏ ။

(src)="b.GEN.3.8.1"> እነርሱም ቀኑ በመሸ ጊዜ የእግዚአብሔርን የአምላክን ድምፅ ከገነት ውስጥ ሲመላለስ ሰሙ ፤ አዳምና ሚስቱም ከእግዚአብሔር ከአምላክ ፊት በገነት ዛፎች መካከል ተሸሸጉ ።
(trg)="b.GEN.3.8.1"> နေဧသောအချိန်တွင် ၊ ထိုဥယျာဉ် ၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လုလင်မယားတို့သည် ကြားလျှင် ၊ အထံတော်မှ လွတ်ခြင်းငှါ ၊ ဥယျာဉ်အပင် တို့တွင် ပုန်းကွယ်လျက် နေကြ ၏ ။

(src)="b.GEN.3.9.1"> እግዚአብሔር አምላክም አዳምን ጠርቶ ። ወዴት ነህ ? አለው ።
(trg)="b.GEN.3.9.1"> ထာဝရအရှင် ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်မှာရှိသနည်းဟု ၊ လူကိုခေါ်တော်မူ ၏ ။

(src)="b.GEN.3.10.1"> እርሱም አለ ። በገነት ድምፅህን ሰማሁ ፤ ዕራቁቴንም ስለ ሆንሁ ፈራሁ ፥ ተሸሸግሁም ።
(trg)="b.GEN.3.10.1"> လူကလည်း ဥယျာဉ် ၌ ကိုယ်တော် ၏ အသံကို ကျွန်တော်ကြားလျှင် ၊ အဝတ်အချည်းစည်းရှိသောကြောင့် ၊ ကြောက် ၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ ၏ ။

(src)="b.GEN.3.11.1"> እግዚአብሔርም አለው ። ዕራቁትህን እንደ ሆንህ ማን ነገረህ ? ከእርሱ እንዳትበላ ካዘዝሁህ ዛፍ በውኑ በላህን ?
(trg)="b.GEN.3.11.1"> ဘုရားသခင်ကလည်း ၊ သင် ၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း ။ မစားရဟု ငါပညတ်သော အပင် ၏ အသီးကို စားပြီလောဟု မေးတော်မူ ၏ ။

(src)="b.GEN.3.12.1"> አዳምም አለ ። ከእኔ ጋር እንድትሆን የሰጠኸኝ ሴት እርስዋ ከዛፉ ሰጠችኝና በላሁ ።
(trg)="b.GEN.3.12.1"> လူကလည်း ကျွန်တော် ၌ အပ်ပေးတော်မူသော မိန်းမသည် ထိုအပင် ၏ အသီးကိုပေး ၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ ၏ ။

(src)="b.GEN.3.13.1"> እግዚአብሔር አምላክም ሴቲቱን ። ይህ ያደረግሽው ምንድር ነው ? አላት ። ሴቲቱም አለች ። እባብ አሳተኝና በላሁ ።
(trg)="b.GEN.3.13.1"> ထာဝရအရှင်ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင် ၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား ၍ ၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ ၏ ။

(src)="b.GEN.3.14.1"> እግዚአብሔር አምላክም እባቡን አለው ። ይህን ስላደረግህ ከእንስሳት ከምድር አራዊትም ሁሉ ተለይተህ አንተ የተረገምህ ትሆናለህ ፤ በሆድህም ትሄዳለህ ፥ አፈርንም በሕይወትህ ዘመን ሁሉ ትበላለህ ።
(trg)="b.GEN.3.14.1"> ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ် ၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ ၏ ။ သင်သည် ဝမ်းဖြင့် သွား ၍ မြေမှုန့်ကို တသက်လုံးစားရမည် ။

(src)="b.GEN.3.15.1"> በአንተና በሴቲቱ መካከል ፥ በዘርህና በዘርዋም መካከል ጠላትነትን አደርጋለሁ ፤ እርሱ ራስህን ይቀጠቅጣል ፥ አንተም ሰኰናውን ትቀጠቅጣለህ ።
(trg)="b.GEN.3.15.1"> သင်နှင့်မိန်းမကို ၎ င်း ၊ သင် ၏ အမျိုးအနွယ်နှင့် မိန်းမ ၏ အမျိုးအနွယ်ကို ၎ င်း ၊ ငါသည်ရန်ငြိုးဖွဲ့စေမည် ။ သူသည် သင် ၏ ခေါင်းကို ကြိတ်လိမ့်မည် ၊ သင်သည် သူ ၏ ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ ၏ ။

(src)="b.GEN.3.16.1"> ለሴቲቱም አለ ። በፀነስሽ ጊዜ ጭንቅሽን እጅግ አበዛለሁ ፤ በጭንቅ ትወልጃለሽ ፤ ፈቃድሽም ወደ ባልሽ ይሆናል ፥ እርሱም ገዥሽ ይሆናል ።
(trg)="b.GEN.3.16.1"> မိန်းမကိုလည်း ၊ သင် ၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေရမည် ။ ပင်ပန်းစွာ ဝေဒနာကို ခံ ၍ သားဘွားရမည် ။ ကိုယ်ခင်ပွန်း ၏ အလိုသို့လိုက် ၍ သူ ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့် တော်မူ ၏ ။

(src)="b.GEN.3.17.1"> አዳምንም አለው ። የሚስትህን ቃል ሰምተሃልና ፥ ከእርሱ እንዳትበላ ካዘዝሁህ ዛፍም በልተሃልና ምድር ከአንተ የተነሣ የተረገመች ትሁን ፤ በሕይወት ዘመንህም ሁሉ በድካም ከእርስዋ ትበላለህ ፤
(trg)="b.GEN.3.17.1"> ယောက်ျားကိုလည်း ၊ ထိုအပင် ၏ အသီးကို မစားရဟု ငါပညတ်သော်လည်း ၊ သင်သည်မယား ၏ စကားကိုနားထောင် ၍ စားမိသောကြောင့် ၊ မြေသည် သင် ၏ အတွက် ကျိန်ခြင်းကို ခံလျက်ရှိ ၏ ။ မြေ ၏ အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည် ။

(src)="b.GEN.3.18.1"> እሾህንና አሜከላን ታበቅልብሃለች ፤ የምድርንም ቡቃያ ትበላለህ ።
(trg)="b.GEN.3.18.1"> ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည် ။ လယ် ၌ ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည် ။

(src)="b.GEN.3.19.1"> ወደ ወጣህበት መሬት እስክትመለስ ድረስ በፊትህ ወዝ እንጀራን ትበላለህ ፤ አፈር ነህና ፥ ወደ አፈርም ትመለሳለህና ።
(trg)="b.GEN.3.19.1"> သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင် ၊ သင် ၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည် ။ အကြောင်းမူကား ၊ သင်သည် မြေမှုန့်ဖြစ် ၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ ၏ ။

(src)="b.GEN.3.20.1"> አዳምም ለሚስቱ ሔዋን ብሎ ስም አወጣ ፥ የሕያዋን ሁሉ እናት ናትና ።
(trg)="b.GEN.3.20.1"> ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ ၏ ။ အကြောင်းမူကား ၊ သူသည် အသက်ရှင် သော သူအပေါင်းတို့ ၏ အမိဖြစ်သတည်း ။

(src)="b.GEN.3.21.1"> እግዚአብሔር አምላክም ለአዳምና ለሚስቱ የቁርበትን ልብስ አደረገላቸው ፥ አለበሳቸውም ።
(trg)="b.GEN.3.21.1"> ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ် ၍ ဝတ်ခြုံစေတော် မူ ၏ ။

(src)="b.GEN.3.22.1"> እግዚአብሔር አምላክም አለ ። እነሆ አዳም መልካምንና ክፉን ለማወቅ ከእኛ እንደ አንዱ ሆነ ፤ አሁንም እጁን እንዳይዘረጋ ፥ ደግሞም ከሕይወት ዛፍ ወስዶ እንዳይበላ ፥ ለዘላለምም ሕያው ሆኖ እንዳይኖር ፤
(trg)="b.GEN.3.22.1"> ထာဝရအရှင်ဘုရားသခင်ကလည်း ၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ် ၍ ၊ ကောင်းမကောင်း သိတတ် ၏ ။ ယခုမှာ သူသည် ထာဝရအသက်ကို ရခြင်းငှါ ၊ လက်ကိုဆန့်လျက် အသက်ပင် ၏ အသီးကို ယူ ၍ မစားသင့်ဟု မိန့်တော်မူ ၏ ။

(src)="b.GEN.3.23.1"> ስለዚህ እግዚአብሔር አምላክ ከዔድን ገነት አስወጣው ፥ የተገኘባትን መሬት ያርስ ዘንድ ።
(trg)="b.GEN.3.23.1"> လူသည် မိမိထွက်သော မြေ ၌ လုပ်ရမည်အကြောင်း ၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ ၏ ။

(src)="b.GEN.3.24.1"> አዳምንም አስወጣው ፥ ወደ ሕይወት ዛፍ የሚወስደውንም መንገድ ለመጠበቅ ኪሩቤልንና የምትገለባበጥ የነበልባል ሰይፍን በዔድን ገነት ምሥራቅ አስቀመጠ ።
(trg)="b.GEN.3.24.1"> ထိုသို့လူကို နှင်ထုတ်ပြီးလျှင် ၊ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ ၊ မီးစင်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက် ၌ ထားတော်မူ ၏ ။

(src)="b.GEN.4.1.1"> አዳምም ሚስቱን ሔዋንን አወቀ ፤ ፀነሰችም ፥ ቃየንንም ወለደች ። እርስዋም ። ወንድ ልጅ ከእግዚአብሔር አገኘሁ አለች ።
(trg)="b.GEN.4.1.1"> ထိုနောက် ၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့် ၊ ဧဝသည် ပဋိသန္ဓေစွဲယူ ၍ ၊ ကာဣနကို ဘွားမြင် လျှင် ၊ ထာဝရဘုရား ၏ လူကို ငါရပြီဟုဆိုလေ ၏ ။

(src)="b.GEN.4.2.1"> ደግሞም ወንድሙን አቤልን ወለደች ። አቤልም በግ ጠባቂ ነበረ ፤ ቃየንም ምድርን የሚያርስ ነበረ ።
(trg)="b.GEN.4.2.1"> တဖန်သူ့ညီ အာဗေလေကို ဘွားမြင်လေ ၏ ။ အာဗေလကား သိုးထိန်းဖြစ် ၏ ။ ကာဣနကားလယ်လုပ် သောသူဖြစ် ၏ ။

(src)="b.GEN.4.3.1"> ከብዙ ቀን በኋላም ቃየን ከምድር ፍሬ ለእግዚአብሔር መሥዋዕትን አቀረበ ፤
(trg)="b.GEN.4.3.1"> အချိန်စေ့သောအခါ ၊ ကာဣနသည် ထာဝရဘုရားထံ ပူဇော်သက္ကာဘို့ ၊ မြေအသီးကို ဆောင်ခဲ့ ၏ ။

(src)="b.GEN.4.4.1"> አቤልም ደግሞ ከበጎቹ በኵራትና ከስቡ አቀረበ ። እግዚአብሔርም ወደ አቤልና ወደ መሥዋዕቱ ተመለከተ ፤
(trg)="b.GEN.4.4.1"> အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့် ၊ သိုးဆီဥကိုဆောင်ခဲ့ ၏ ။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ ၏ ။

(src)="b.GEN.4.5.1"> ወደ ቃየንና ወደ መሥዋዕቱ ግን አልተመለከተም ። ቃየንም እጅግ ተናደደ ፊቱም ጠቆረ ።
(trg)="b.GEN.4.5.1"> ကာဣနနှင့်သူ ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး ၍ မျက်နှာပျက်လေ ၏ ။

(src)="b.GEN.4.6.1"> እግዚአብሔርም ቃየንን አለው ። ለምን ተናደድህ ? ለምንስ ፊትህ ጠቆረ ?
(trg)="b.GEN.4.6.1"> ထာဝရဘုရားကလည်း သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း ။ အဘယ်ကြောင့် မျက်နှာပျက် သနည်း ။

(src)="b.GEN.4.7.1"> መልካም ብታደርግ ፊትህ የሚበራ አይደለምን ? መልካም ባታደርግ ግን ኃጢአት በደጅ ታደባለች ፤ ፈቃድዋም ወደ አንተ ነው ፥ አንተ ግን በእርስዋ ንገሥባት ።
(trg)="b.GEN.4.7.1"> သင်သည် ကောင်းမွန်စွာ ပြုလုပ်အခွင့်မရလော ။ ကောင်းမွန်စွာ မပြုလျှင် ၊ အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ ၏ ။ သူသည် သင် ၏ အလိုသို့လိုက် ၍ ၊ သင်သည် သူ့ကို အုပ်စိုးရ ၏ ဟု ကာဣနကိုမိန့်တော်မူ ၏ ။

(src)="b.GEN.4.8.1"> ቃየንም ወንድሙን አቤልን ። ና ወደ ሜዳ እንሂድ አለው ። በሜዳም ሳሉ ቃየን በወንድሙ በአቤል ላይ ተነሣበት ፥ ገደለውም ።
(trg)="b.GEN.4.8.1"> ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ် ၍ ၊ လယ်သို့ရောက်သောအခါ ၊ ညီ အာဗေလကိုရန်ဘက်ပြု ၍ သတ်လေ ၏ ။

(src)="b.GEN.4.9.1"> እግዚአብሔርም ቃየንን አለው ። ወንድምህ አቤል ወዴት ነው ? እርሱም አለ ። አላውቅም ፤ የወንድሜ ጠባቂው እኔ ነኝን ?
(trg)="b.GEN.4.9.1"> ထာဝရဘုရားကလည်း သင့်ညီ အာဗေလသည် အဘယ်မှာရှိသနည်းဟု ကာဣနကို မေးတော်မူလျှင် အကျွန်ုပ်မသိပါ ။ အကျွန်ုပ်သည် ညီကို စောင့်ရသော သူဖြစ်ပါသလောဟု လျှောက်ဆို ၏ ။

(src)="b.GEN.4.10.1"> አለውም ። ምን አደረግህ ? የወንድምህ የደሙ ድምፅ ከምድር ወደ እኔ ይጮኻል ።
(trg)="b.GEN.4.10.1"> ဘုရားသခင်ကလည်း ၊ သင်သည် အဘယ်သို့ ပြုပြီးသနည်း ။ သင်ညီအသွေး ၏ အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား ။

(src)="b.GEN.4.11.1"> አሁንም የወንድምህን ደም ከእጅህ ለመቀበል አፍዋን በከፈተች በምድር ላይ አንተ የተረገምህ ነህ ።
(trg)="b.GEN.4.11.1"> သို့ဖြစ် ၍ သင့်ညီ ၏ အသွေးကို ခံယူခြင်းငှါ ၊ မိမိပစပ်ကိုဖွင့်သော မြေကြီး ၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့် ၊

(src)="b.GEN.4.12.1"> ምድርንም ባረስህ ጊዜ እንግዲህ ኃይልዋን አትሰጥህም ፤ በምድርም ላይ ኰብላይና ተቅበዝባዥ ትሆናለህ ።
(trg)="b.GEN.4.12.1"> ယခုမှစ ၍ မြေ ၌ လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကို မရရ ။ မြေကြီးပေါ်မှ ပြေးရသောသူ ၊ အရပ်ရပ်လည်ရသောသူ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ ၏ ။

(src)="b.GEN.4.13.1"> ቃየንም እግዚአብሔርን አለው ። ኃጢአቴ ልሸከማት የማልችላት ታላቅ ናት ።
(trg)="b.GEN.4.13.1"> ကာဣနကလည်း အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလော ။

(src)="b.GEN.4.14.1"> እነሆ ዛሬ ከምድር ፊት አሳደድኸኝ ፤ ከፊትህም እሰወራለሁ ፤ በምድርም ላይ ኰብላይና ተቅበዝባዥ እሆናለሁ ፤ የሚያገኘኝም ሁሉ ይገድለኛል ።
(trg)="b.GEN.4.14.1"> အကျွန်ုပ်ကို မြေကြီးပြင်မှ ယနေ့နှင်ထုတ်တော်မူပြီ ၊ မျက်နှာတော်ကိုလည်း မမြင်ရ ။ မြေကြီးပေါ်မှာ ပြေးရသောသူ ၊ အရပ်ရပ်လည်ရသော သူဖြစ်ပါရမည် ။ တွေ့သမျှသော သူတို့သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည် ဟု ထာဝရဘုရားကို လျှောက်ဆို ၏ ။

(src)="b.GEN.4.15.1"> እግዚአብሔርም እርሱን አለው ። እንግዲህ ቃየንን የገደለ ሁሉ ሰባት እጥፍ ይበቀልበታል ። እግዚአብሔርም ቃየንን ያገኘው ሁሉ እንዳይገድለው ምልክት አደረገለት ።
(trg)="b.GEN.4.15.1"> ထာဝရဘုရားကလည်း သို့ဖြစ် ၍ ကာဣနကို သတ်သောသူမည်သည်ကား ၊ ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု မိန့်တော်မူပြီးလျှင် ၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ ၊ ထာဝရဘုရားသည် သူ ၌ အမှတ်ပေးတော်မူ ၏ ။

(src)="b.GEN.4.16.1"> ቃየንም ከእግዚአብሔር ፊት ወጣ ፤ ከዔድንም ወደ ምሥራቅ በኖድ ምድር ተቀመጠ ።
(trg)="b.GEN.4.16.1"> ကာဣနသည် ထာဝရဘုရားထံတော်မှ ထွက်သွား ၍ ၊ ဧဒင်ပြည် အရှေ့ ၊ နောဒပြည်တွင် နေလေ ၏ ။

(src)="b.GEN.4.17.1"> ቃየንም ሚስቱን አወቀ ፤ ፀነሰችም ፥ ሄኖሕንም ወለደች ። ከተማም ሠራ ፥ የከተማይቱንም ስም በልጁ ስም ሄኖሕ አላት ።
(trg)="b.GEN.4.17.1"> ထိုအခါကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့် ၊ သူသည် ပဋိသန္ဓေစွဲယူ ၍ ၊ သားဧနောက်ကို ဘွားမြင်လေ ၏ ။ ကာဣနသည်လည်း မြို့ကိုတည် ၍ မိမိသား ၏ အမည်အလိုက် ၊ ထိုမြို့ကို ဧနောက်မြို့ဟု သမုတ်လေ ၏ ။

(src)="b.GEN.4.18.1"> ሄኖሕም ጋይዳድን ወለደ ፤ ጋይዳድም ሜኤልን ወለደ ፤ ሜኤልም ማቱሣኤልን ወለደ ፤ ማቱሣኤልም ላሜሕን ወለደ ።
(trg)="b.GEN.4.18.1"> ဧနောက်သားကား ၊ ဣရဒ် ၊ ဣရဒ်သားကား ၊ မဟုယေလ ၊ မဟုယေလသားကား ၊ မသုရှလ ၊ မသုရှလ သားကား ၊ လာမက်တည်း ။

(src)="b.GEN.4.19.1"> ላሜሕም ለራሱ ሁለት ሚስቶችን አገባ ፤ የአንዲቱ ስም ዓዳ ፥ የሁለተኛይቱ ስም ሴላ ነበረ ።
(trg)="b.GEN.4.19.1"> လာမက်သည် ၊ အာဒနှင့်ဇိလ အမည်ရှိသော မိန်းမနှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြု ၍ ၊

(src)="b.GEN.4.20.1"> ዓዳም ያባልን ወለደች ፤ እርሱም በድንኳን የሚቀመጡት የዘላኖች አባት ነበረ ።
(trg)="b.GEN.4.20.1"> အာဒသည် သားယာဗလကိုဘွားမြင်လေ ၏ ။ ထိုသားကား ၊ တဲ ၌ နေသောသူ ၊ သိုးနွားစသည်တို့ကို မွေးသော သူတို့ ၏ အဘဆရာ ဖြစ်လေသတည်း ။