# my/7opHWpu2fYcG.xml.gz
# sh/7opHWpu2fYcG.xml.gz


(src)="1"> တကယ်လိုများ သမ္မတအိုဘားမားကသာ ကျွန်တော်ကိုများ သင်္ချာပညာရပ်ဆိုင်ရာ အာဏာပိုင် မင်းကြီးအဖြစ် ဖိတ်ခေါ်မယ်ဆိုရင် ဒီနိုင်ငံထဲက သင်္ချာပညာ သင်ကြားရေးကို ကြီးကြီးမားမား ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော်ယူဆမိတဲ့ အကြံပြုချက်တစ်ခု သူ့ထံ တင်ပြပေးစရာရှိမှာပါ ။ အဲဒါကို အကောင်အထည်ဖော်ဖို့ လွယ်ကူနိုင်ပြီး အကုန်အကျလည်းမများပါဘူး ။ အခုကျွန်တော်တို့မှာ ရှိနေတဲ့ သင်္ချာသင်ရိုးညွှန်းတမ်းဟာ ဂဏန်းသင်္ချာနဲ့ အက္ခရာသင်္ချာတို့ရဲ့ အုတ်မြစ်ပေါ်မှာ အခြေတည်ထားပါတယ် အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ သင်ယူကြတဲ့ အရာအားလုံးက ဘာသာရပ်တစ်ခုစီသို့ ဦးတည်ပြီး တည်ဆောက်ထားပါတယ် ။ အဲဒီ ပိရမစ်ကြီးရဲ့ ထိပ်မှာရှိတာကတော့ ကဲကုလသင်္ချာပါပဲ ။ ကျွန်တော် ဒီကိုရောက်လာတာ ကတော့ ဒီပိရမစ်ရဲ့ ထိပ်ပိုင်းဟာ မှားယွင်းနေတယ် ဆိုတာပြောဖို့ပါ ။ ကျွန်တော်တို့ရဲ့ ကျောင်းသားတွေအားလုံး ၊ အထက်တန်းကျောင်း ဆင်းဖူးသူတွေအားလုံး သိနားလည်သင့်တဲ့ ပိရမစ်ရဲ့ထိပ်ပိုင်းအမှန်က စာရင်းအင်းသင်္ချာ ဖြစ်သင့်ပါတယ် ။ ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်းပါ ။ ( လက်ခုပ်သံများ ) ကျွန်တော် ဆိုလိုတာကတော့ .... ကျွန်တော်ပြောတာ အထင်မလွဲပါနဲ့ခင်ဗျာ ။ ကဲကုလသင်္ချာဟာ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုပါ ။ ဒါဟာ လူသားတို့ရဲ့ မနောဉာဏ်က ထုတ်လုပ်လိုက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုပါ ။ သဘာဝတရားရဲ့ နိယာမတွေကို ကဲကုလသင်္ကေတစနစ်တွေနဲ့ ရေးပေးထားတာပါ ။ နောက်ပြီး သင်္ချာ ၊ သိပ္ပံ ၊ စက်မှုအတတ်ပညာ ၊ ဘောဂဗေဒ လေ့လာကြတဲ့ ကျောင်းသားတိုင်းဟာ ကောလိပ်ရဲ့ ပထမဆုံးနှစ်အဆုံးမှာ ကဲကုလသင်္ချာကို သေချာပေါက် သင်သင့်ပါတယ် ။ ဒါပေမဲ့ သင်္ချာပါမောက္ခ တစ်ယောက်အနေနဲ့ ကျွန်တော် ဒီကိုရောက်လာတာကတော့ အင်မတန်နည်းပါးလှတဲ့ လူတွေလောက်ကပဲ ကဲကုလသင်္ချာကို သူတို့ရဲ့နေ့စဉ်ဘဝတွေမှာ ကိုယ်တိုင်သတိမူပြီး ရည်ရွယ်ချက်ရှိရှိ သုံးကြတယ်ဆိုတာပြောဖို့ပါ ။ အခြား တစ်ဖက်မှာတော့ စာရင်းအင်းသင်္ချာ ဆိုတာ နေ့စဉ်ဘဝမှာ သုံးနိုင်တဲ့ သုံးသင့်တဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ် ။ မှန်ပါရဲ့လားခင်ဗျာ ဒါကဆုံးရှုံးနိုင်ခြေအကြောင်း ၊ ဆုလာဘ်အကြောင်း ၊ ကြုံရာကျပန်းဖြစ်မှုအကြောင်းပါ ။ ဒါက အချက်အလက်ကို နားလည်ခြင်း ပညာပါ ၊ ကျွန်တော်ထင်ပါတယ် တကယ်လို့သာ ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းသားတွေ တကယ်လို့သာ အမေရိကန် နိုင်ငံသားတွေအားလုံး ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်ပညာ အကြောင်းကို နားလည်ကြမယ် ဆိုရင်ပေါ့လေ ။ ကျွန်တော်တို့ ဒီနေ့ရောက်နေတဲ့ စီးပွားရေးအရှုပ်တော်ပုံထဲ ရောက်ခဲ့မှာမဟုတ်ပါဘူး ။ ( ရယ်သံများ ) ( လက်ခုပ်သံများ ) ဒါတင်မက -- ကျေးဇူးပါခင်ဗျာ -- ဒါတင်မကသေးပါဘူး ... တကယ်လို့သာ အဲဒါကို နည်းမှန်လမ်းမှန် သင်ကြားမယ်ဆို အရမ်းကို ပျော်စရာကောင်းပါလိမ့်မယ် ကျွန်တော်ပြောချင်တာက ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်ပညာ ဆိုတာ ကစားပွဲတွေနဲ့ လောင်းကစားပွဲတွေနဲ့ဆိုင်တဲ့ သင်္ချာပါ ။ ဒါဟာ ရှေးရှုရာ လမ်းကြောင်းတွေကို ခွဲခြမ်းစိတ်ဖြာခြင်းပါ ၊ အနာဂတ်ကို ကြိုတင်ခန့်မှန်းရခြင်းပါ ။ ဒီမှာခင်ဗျ ၊ ကမ္ဘာကြီးက အန်နာလော့ analog စနစ်ကနေ ဒီဂျစ်တယ် digital စနစ်ဆီကို ကူးပြောင်းခဲ့ပြီ ဒီတော့ ကျွန်တော်တို့ရဲ့ သင်္ချာ သင်ရိုးညွှန်းတမ်းတွေကိုလည်း အန်နာလော့စနစ်ကနေ ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းရမယ့် အချိန်ပါ ။ ရှေးကျတဲ့ စဉ်ဆက်မပြတ် ချိတ်ဆက်ထားတဲ့ သင်္ချာကနေ ခေတ်မီတဲ့ သီးခြားရပ်တည်နေတဲ့ သင်္ချာဆီကို ကူးပြောင်းရမှာပါ ဖြစ်နိုင်ခြေ သီဝရီ နဲ့ စာရင်းအင်ပညာ ဆိုတဲ့ မသေချာမှုဆိုင်ရာ ၊ ကြုံရာကျပန်းဖြစ်မှုဆိုင်ရာ ၊ အချက်အလက်များဆိုင်ရာ သင်္ချာပညာဆီကို ကူးပြောင်းရမှာပါ နိဂုံးချုပ်ပြောရရင် ကျွန်တော်တို့ ကျောင်းသားတွေ ကဲကုလသင်္ချာရဲ့ နည်းနာနိဿယတွေကို သင်ကြမယ့်အစား သမတ်ကိန်းမှ ပုံမှန် သွေဖည်ခြင်းနှစ်မျိုး ဆိုတာ ဘာကိုဆိုလိုမှန်း နားလည်ကြရင် ပိုပြီး သိသိသာသာအကျိုးရှိလာမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ် ၊ ကျွန်တော် အတည်ပြောနေတာပါ ၊ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ( လက်ခုပ်သံများ )
(trg)="1"> Ako bi me kojim slucajem predsednik Obama pozvao da ja budem sledeci Car matematike , ja bih imao predlog za njega za koji mislim da bi u mnogome mogao da poboljsa predavanje matematike u skolama u ovoj zemlji .
(trg)="2"> Koji bi bio lak da se implementira i jeftin .
(trg)="3"> Matematicki program koji trenutno imamo je baziran na osnovama aritmetike i algebre .

# my/GEEBZSkYkjGv.xml.gz
# sh/GEEBZSkYkjGv.xml.gz


(src)="1"> ကျွန်တော့်အတွက်တော့ ဒါဖြစ်စဉ်ဟာ အခုလို အလုပ်အကိုင် ကမောက်ကမနဲ့ မတည်ငြိမ်ချိန်မျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ် ။ များသောအားဖြင့် တနင်္ဂနွေ ညနေ ၊ နေဝင်လုဆဲဆဲ အချိန်မျိုးလေးမှာပေါ့ ၊ ကျွန်တော်စံထားတဲ့ မျှော်လင့်ချက်နဲ့ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ ကွာဟမှုပမာဏဟာ ကြေကွဲဖွယ်ကောင်းလောက်အောင်ကို များလာတဲ့အခါမျိုးမှာဆို မျက်နှာကိုခေါင်းအုံးအပ်ပြီး ငိုရတော့တာပါပဲ ။ ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ ကျွန်တော် ဒါတွေကို ပြောပြနေတာဟာ ဘာကြောင့်လည်းဆိုတော့ ဒီလိုဖြစ်စဉ်မျိုးဟာ လူတဦးတည်းတယောက်တည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာ မဟုတ်လို့ပါပဲ ။ ကျွန်တော်ပြောတာမှားတယ်လို့ ခင်ဗျား ထင်ချင်ထင်မယ် ၊ ဒါပေမယ့် ကျွန်တော်တို့နေထိုင်တဲ့ ရာစုမှာ ကျွန်တော်တို့ရဲ့ဘဝတွေဟာ အလုပ်အကိုင် မတည်ငြိမ်မှုတွေရဲ့ တည်းဖြတ်ခြင်းကို ခံရရုံသာမက သေသေချာချာနားလည်တယ်လို့ ထင်ထားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဘဝတွေ ၊ အလုပ်အကိုင်တွေဟာ အင်မတန် စိုးရိမ်စရာ ကောင်းလောက်တဲ့ အဖြစ်မှန်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံနေကြရတယ်နော် ။ ဒီလိုအခြေအနေမှာ ကြီးပွားတဲ့ဘဝကို အလွယ်တကူနဲ့ ရနိုင်သလို ၊ အရင်ကထက်ပိုပြီး တည်ငြိမ်မှု ၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှု ပြေလျော့မှုနိုင်မှုတွေ ပိုနည်းပါးသွားတတ်ပါတယ် ။ ကျွန်တော့်ကို ခွင့်ပြုမယ်ဆိုရင် တချို့အကြောင်းအရာတွေကို စမ်းစစ်ကြည့်ချင်ပါတယ် ။ ဘာကြောင့် ကျွန်တော်တို့ဟာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ ဖြစ်နေရသလည်း ဆိုတာကိုပေါ့ ။ ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီ အလုပ်အကိုင် ကမောက်ကမဖြစ်စဉ်တွေရဲ့ သားကောင်ဖြစ်ကြရတာလည်း ဆိုတာကို ခေါင်းအုံးပေါ် ပါးအပ်ငိုကြွေးရင်းနဲ့ မေးခွန်းထုတ်ကြမယ်လေ ။ ကျွန်တော်တို့ဘာလို့ ခံစားနေရလည်းဆိုတာရဲ့ အကြောင်းတရပ်ကတော့ ကျွန်တော်တို့ဟာ ကိန်းခမ်းကြီးတဲ့သူတွေကြားထဲ ရောက်နေလို့ပါပဲ ။ ဒါနဲ့ ကျွန်တော့မှာ သတင်းဆိုးတွေ ရှိနေတယ်နော် ။ အထူးသဖြင့် ပြည်ပကနေ အောက်စဖို့ဒ်မြို့ကို လာတဲ့သူတွေ အတွက်ပေါ့ ။ ကိန်းခမ်းကြီးတာဟာ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ ။ ဘာလို့လည်းဆိုတော့ တခါတလေ U . Kနိုင်ငံ အပြင်ကလူတွေက ထင်ကြတယ် ၊ ကြီးကျယ်တာဟာ U . K . နိုင်ငံရဲ့ အိမ်ကြီးအိမ်ကောင်းတွေ ၊ ဘွဲ့တံဆိပ်တွေပေါ် အမှီသဟဲပြုပြီး ဖြစ်လာတဲ့ ပြယုဂ်တခုလို့ ။ ကျွန်တော့်မှာပါတဲ့ သတင်းဆိုးအရကတော့ အဲဒါက မမှန်ပါဘူးတဲ့ ။ ကိန်းခမ်းကြီးတာဟာ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုပါ ။ ကျွန်တော်တို့ဟာ ကမ္ဘာ့အဖွဲ့စည်းတရပ်ပါ ။ ဒါဟာ ကမ္ဘာ့ဖြစ်စဉ်တခုပါ ။ ဒါဟာတကယ်ရှိပါတယ် ။ ကိန်းခမ်းကြီးတယ်ဆိုတာဘာလဲ ။ ကိန်းခမ်းကြီးတဲ့သူဆိုတာ ခင်ဗျားဆီကသေးငယ်တဲ့ အစိတ်အပိုင်းတခုကို ရယူသွားတဲ့သူ ဘယ်သူမဆိုဖြစ်နိုင်ပြီး အဲဒီ အစိတ်အပိုင်းကိုကြည့်ပြီး သင်ဘယ်သူလည်းဆိုတာကို အပြည့်အဝမြင်ဖို့ အသုံးချတဲ့သူဖြစ်တယ် ။ အဲဒါဟာ ကိန်းခမ်းကြီးတာပဲ ။ ဒီကနေ့မှာ ဖြစ်ပေါ်ကြီးစိုးနေတဲဲ့ ကိန်းခမ်းကြီးခြင်း ကတော့ အလုပ်အကိုင်ဆိုင်ရာ ကိန်းခမ်းကြီးခြင်းပဲ ဖြစ်ပါတယ် ။ ပါတီသွားတဲ့ တခဏအတွင်းမှာ ခင်ဗျားဒါကို ကြံုတွေ့လိမ့်မယ် ။ တကယ်လို့ ခင်ဗျားကို ၂၁ရာစုမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတခု ဖြစ်တဲ့ " ခင်ဗျား ဘာအလုပ်လုပ်သလဲ " ဆိုတဲ့ မေးခွန်းမေးပြီ ဆိုပါစို့ ။ ပြီးတော့ ခင်ဗျား အဲဒီမေးခွန်းကို ဘယ်လိုဖြေလည်းဆိုတဲ့ အပေါ် မူတည်ပြီး လူတွေက ခင်ဗျားကို အံသြစရာကောင်းလောက်အောင် ခင်ချင်ခင်သွားနိုင်သလို သူတို့နာရီကို ငုံ့ကြည့်မယ် ၊ သွားစရာရှိတယ်လို့ ဆင်ခြေပေးပြီး လစ်ထွက်သွားနိုင်ပါတယ် ။ ( ရီမောသံများ ) ကဲ ကိန်းခမ်းကြီးဒါနဲ့ ပြောင်းပြန်ကတော့ ခင်ဗျားအမေပါပဲ ။ ( ရီမောသံများ ) အမေဆိုပေမယ့် ခင်ဗျာ့အမေလည်း ဖြစ်စရာမလိုသလို ကျွန်တော့်အမေလည်း ဖြစ်စရာမလိုပါဘူး ။ ဒါပေမယ့် ၊ တကယ့် စံပြမိခင်ဆိုတာဟာ ခင်ဗျားရဲ့ တခမ်းတနားအောင်မြင်မှုတွေကို ဂရုစိုက်မယ့်သူတယောက် မဟုတ်ဘူး ။ ဒါပေမယ့် ၊ စိတ်မကောင်းစရာက ၊ လူအတော်များများဟာ ကျွန်တော်တို့ရဲ့ မိခင်တွေ မဟုတ်ကြဘူးဗျာ ။ လူအတော်များများဟာ သူတို့ရဲ့ ဘယ်လောက်ရှိတဲ့ အချိန် ၊ အချစ် -- သမီးရည်းစား ချစ်တာမျိုး မဟုတ်ဘူး ၊ အဲဒီ သမီးရည်းစားလို ချစ်ချင်တာမျိုးက နောက်တမျိုး မေတ္တာလိုမျိုးပေါ့ ၊ လေးစားမှုအတိုင်းအတာကို ကျွန်တော်တို့ကို ပေးနိုင်မလည်းဆိုတာကို ကျွန်တော်တို့ရဲ့ အလုပ်အကိုင်အနေအထားနဲ့ ဆက်စပ်ကြည့်တတ်ကြတယ်ဗျ ။ ဒါဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်ကို ဘာကြောင့်အလေးပေးရသလည်း ဆိုတာတင်မက ဘာကြောင့် ကျွန်တော်တို့တွေ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုပမာဏအပေါ် အားသန်ကြသလည်းဆိုတာရဲ့ အကြောင်းတရားပဲ ။ ခင်ဗျားသိလား ။ ကျွန်တော်တို့တွေဟာ မကြာခဏ ဒီလို အပြောခံကြရတယ် ။ ပစ္စည်းဥစ္စာအဓိကထားတဲ့ အချိန်မှာ ကြီးပြင်းလာလို့ အားလုံးဟာ လောဘရဲ့သားကောင်တွေပဲလို့ ။ ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ သတ်သတ်မှတ်မှတ် ပစ္စည်းဥစ္စာအပေါ် တွယ်ငြိတယ်လို့တော့ မထင်မိဘူးဗျ ။ ကျွန်တော်ထင်တာက ဒီလို ။ ကျွန်တော်တို့ဟာ လူအဖွဲ့အစည်းတခုမှာ နေထိုင်တယ် ၊ အဲဒီလူ့အဖွဲ့အစည်းဟာစိတ်အလိုဆန္ဒပြည့်ဝနိုင်မှုရလာဒ်ကို ပစ္စည်းဥစ္စာရယူပိုင်ဆိုင်နိုင်မှုနဲ့ တသားတည်း သွားထားလိုက်လို့ပါပဲ ။ ကျွန်တော်တို့လိုချင်တာက ပစ္စည်းဥစ္စာမဟုတ်ဘူး ။ တကယ်က ဆုလာဒ်ကိုသာ ကျွန်တော်တို့လိုချင်တာ ။ အဲဒါဟာ စည်းစိမ်ချမ်းသာမှုအပေါ်မှာ တနည်းအားဖြင့် မှီတွယ်နေခြင်းပဲ ။ နောက်တခါ ခင်ဗျား Ferrariကားမောင်းတဲ့သူကို မြင်ရင် ဒီလူဟာ တော်တော်လောဘကြီးတဲ့သူပဲလို့ တွေးမနေနဲ့ဦးနော် ။ ဒီလိုတွေးကြည့်ပေါ့ ။ ဒီလူဟာ မယုံနိုင်လောက်အောင်ကို လောကဓံခံနိုင်ရည် နည်းပါးပြီး မေတ္တာငတ်နေသူပါလားလို့ ။ နောက်တမျိုးပြောရရင်တော့ -- ( ရီမောသံများ ) အပြစ်မြင်မဲ့အစား ဂရုဏာသက်ပေးလိုက်ကြပါနော် ။ တခြားအကြောင်းတွေရှိပါသေးတယ် -- ( ရီမောသံများ ) တခြားအကြောင်းအရာတွေ ရှိသေးတယ် ။ ဘာ့ကြောင့် ပိုပြီးခဲယဉ်းနိုင်သလည်း ၊ အရင်ကလို စိတ်တည်ငြိမ်ဖို့ဆိုတာ ။ အဲဒီထဲက အကြောင်းတရပ်ကတော့ ဇဝေဇဝါဖြစ်နိုင်စရာတခုပါ ။ ဘာလို့ဆိုတော့ အဲဒါဟာ ပိုကောင်းတာကို လိုချင်မှုနဲ့ ဆက်စပ်နေခြင်းပါ ။ အဲဒီဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေအပေါ်ထားတဲ့ မျှော်လင့်ချက်တခုပါ ။ ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါဘူး ။ လူတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ဒီလောက်ထိ အောင်မြင်မှုတွေရယူပိုင်ဆိုင်နိုင်လိမ့်မယ်လို့ပါ ။ ဘယ်သူမဆို ဘာမဆိုဖြစ်နိုင်တယ် ၊ အောင်မြင်နိုင်တယ်လို့ ပြောဆိုရေးသားတာကို ကြားဖူးကြမယ်နော် ။ ကျွန်တော်တို့ဟာ အဆင့်အတန်းခွဲခြားဆက်ဆံတဲ့ အစဉ်အလာကနေ လွန်မြောက်ခဲ့ပြီးပြီ ။ အခု ကျွန်တော်တို့ဟာ ဘယ်သူမဆို ဘယ်အခွင့်အလမ်းနေရာကို မဆိုရရယူနိုင်တဲ့ အစဉ်အလာထဲရောက်နေပြီ ။ ဒါဟာ သိပ်ကို လှပတဲ့ အတွေးအခေါ်တရပ်ပါပဲ ။ အဲဒါနဲ့တွဲပါလာတာကတော့ ညီမျှခြင်းအပေါ်ထားတဲ့ စိတ်ဓာတ်ပါပဲ ။ ကျွန်တော်တို့အားလုံးဟာ အခြေခံအားဖြင့် တူညီကြပါတယ် ။ အတိအကျ သတ်မှတ်ထားတဲ့ အထက်အောက် အတန်းအစားခွဲမှုလည်း မရှိပါဘူး ။ အဲဒီမှာ တော်တော်လေးကြီးတဲ့ ပြဿနာတခုထွက်လာပါတယ် ။ အဲဒါကတော့ အားကျစိတ်ပါ ။ အားကျမှု ၊ ခင်ဗျား အားကျတယ်လို့ ပြောလိုက်မိရင် ဒါဟာ တကယ့်ကို မပြောသင့်ဘူးလို့ လူတွေသတ်မှတ်ထားတာကို ခင်ဗျားချိုးဖောက်လိုက်မိတာပါပဲ ။ ဒါပေမယ့် အခု ခေတ်သစ်မော်ဒန် အဖွဲ့အစည်းမှာ ကြီးစိုးနေတဲ့ စိတ်ခံစားမှုဟာ ဘာလည်းဆိုရင်တော့ အားကျမှုပါပဲ ။ အားကျမှုဟာ ညီမျှလိုတဲ့စိတ်ဓာတ်နဲ့ သွားပြီး ဆက်နွယ်တယ် ။ ကျွန်တော် ထပ်ရှင်းပြပါရစေ ။ ကျွန်တော်ထင်ပါတယ် ။ အခုဒီမှာရှိနေတဲ့ ဘယ်သူမဆို ၊ ကျွန်တော့်ကိုကြည့်ရှုနေတဲ့ ဘယ်သူမဆိုဟာ အင်္ဂလန်က ဘုရင်မကြီးရဲ့ဘဝကို အားကျတယ်လို့ဆိုခဲ့ရင် ဒါဟာ တော်တော်ကို ထူးဆန်းစရာကောင်းနေလိမ့်မယ် ။ ဘုရင်မကြီးဟာ ခင်ဗျားထက်လည်း ချမ်းသာတယ် ။ ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးထက်လည်း ချမ်းသာတယ် ။ ပြီးတော့ ဘုရင်မကြီးမှာ အိမ်ကြီးကြီးတလုံးလည်း ရှိတယ်နော့ ။ ဒါပေမယ့် ကျွန်တော်တို့ဘာ့ကြောင့် သူမကို အားမကျကြသလည်းဆိုတော့ ဘုရင်မကြီးဟာ သမရိုးကျမဟုတ်လို့ပဲ ။ ဘုရင်မကြီးဟာ အလိုလိုနေရင်းကို ထူးခြားနေတာပဲ ။ ကျွန်တော်တို့ဘဝနဲ့ သွားဆက်စပ်လို့မရဘူး ဖြစ်နေတယ် ။ သူမ စကားပြောတဲ့ဟန်ကိုက ရယ်စရာကောင်းနေတယ် ။ သူမလာတဲ့နေရကလည်း သမရိုးကျပုံမှန်လို နေရာမျိုးက မဟုတ်ဘူး ဖြစ်နေတယ် ။ ဒါကြောင့် ကျွန်တော်တို့ သူမနဲ့ ဆက်နွယ်လို့ နှိုင်းယှဉ်လို့ မရဘူးဖြစ်နေတယ် ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ဆက်နွယ်နှိုင်းယှဉ်လို့ မရနိုင်လောက်တဲ့သူမျိုးကိုကျတော့ အားမကျဘူး ။ လူနှစ်ယောက်ဟာ အသက်အားဖြင့်ရော နောက်ခံအားဖြင့်ရော တော်တော်များများဟာ တူလာတာနဲ့အလျောက် မနာလိုအားကျယှဉ်ပြိုင်မှုတွေ ပိုရှိလာနိုင်ပါတယ် ။ ဒါကြောင့် ခင်ဗျားတို့တွေ ကျောင်းသား/ သူဟောင်းများ မိတ်ဆုံစားပွဲကို မသွားသင့်ကြတာပေါ့ ။ ဘာကြောင့်လည်းဆိုတော့ ဘယ်သူစိမ်းကိုမှ တကျောင်းတည်းအတူတူ တက်ခဲ့ကြတဲ့သူတွေထက် နှိုင်းယှဉ်ပြိုင်ဆိုင်ဖို့ စိတ်မဝင်စားလောက်လို့ပဲ ။ ဒါပေမယ့် ခေတ်သစ်မော်ဒန် အဖွဲ့အစည်းပြဿနာကတော့ တကမ္ဘာလုံးကို ကျောင်းတကျောင်းအနေနဲ့ အသွင်ပြောင်းကြည့်ခြင်းပဲ ဖြစ်ပါတယ် ။ လူတိုင်း ဂျင်းဘောင်းဘီဝတ်ကြတယ်ဆိုရင် လူတိုင်းဟာ အတူတူပဲဆိုသလိုပေါ့ ။ ဒါပေမယ့် ။ မတူကြပါဘူးနော် ။ ဒါဖြင့် ညီမျှခြင်းစိတ်ဓာတ်ဟာ အတွင်းကျကျ မညီမျှခြင်းဆိုတာနဲ့ ရောနေပြီပေါ့ ။ အဲဒါဟာ လူတွေရဲ့စိတ်ကို အရမ်းအရမ်းကို ဖိစီးစေတော့တာပါပဲခင်ဗျား ။ အခုခေတ်မှာ ခင်ဗျားဟာ ချမ်းသာပြီး နာမည်ကြီးတဲ့ Bill Gates လိုဖြစ်လာနိုင်ဖို့ အလားအလာနည်းတယ် ။ အဲဒီလိုပဲ ခင်ဗျားဟာ ၁၇ရာစုမှာ ပြင်သစ်ဆီကနေ ရာထူးဂုဏ်သိမ်တွေရထားတဲ့ အခွင့်ထူးခံတယောက်ဖြစ်ဖို့လည်း အခွင့်နည်းပါးတယ် ။ ဒါပေမယ့် ဆိုလိုတာက ခင်ဗျားက ဒါမျိုးကို တွေးတောခံစားမိလိမ့်မှာ မဟုတ်ဘူး ။ magazinesတွေနဲ့ တခြားမီဒီယာတွေက ခင်ဗျားကို ဒီလိုလှုံ့ဆော်လိမ့်မယ် ။ ခင်ဗျားမှာ စွမ်းအားရှိတယ် ၊ နည်းပညာနဲ့ပတ်သက်လို့ အိုင်ဒီယာအတွေးဉာဏ်ကောင်းကောင်းရှိမယ် ၊ ကားဂိုဒေါင်တခုရှိမယ်ဆိုရင် ခင်ဗျားဟာ လုပ်ငန်းအကြီးအကျယ်တခုကို စနိုင်ပြီးဆိုပြီးတော့ပေါ့ ။ ( ရီမောသံများ ) ပြီးတော့ ဒီပြဿနာရဲ့ နောက်ဆက်တွဲကိုတော့ စာအုပ်ဆိုင်မှာ ရှင်းရလိမ့်မယ် ။ ခင်ဗျား စာအုပ်ဆိုင်အကြီးကြီးကိုသွား ၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း ဆိုတဲ့ ကဏ္ဍကိုရှာ ၊ ကျွန်တော်လုပ်လေ့ရှိသလိုမျိုးပေါ့ ။ တကယ်လို့ ခင်ဗျား အဲဒီ အခုခေတ်ထုတ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နည်း စာအုပ်တွေကို သေချာလေ့လာကြည့်ရင် နှစ်မျိုးနှစ်စားရှိတာကို တွေ့ရလိမ့်မယ် ။ ပထမ အမျိုးအစားက ဒီလို " သင် လုပ်နိုင်တယ် ။ သင် ဖြစ်အောင်လုပ်နိုင်တယ် ။ ဘာမဆိုဖြစ်နိုင်တယ်" လို့ပြောမယ် ။ နောက်တမျိုးကတော့ ခင်ဗျားကို ဒီလိုဖြစ်ရင်ဒီလိုနေနိုင်အောင် ကြိုးစားပါလို့ပြောမယ် ။ ဘယ်လိုဖြစ်ရင်လည်းဆိုတော့ ယဉ်ယဉ်ကျေးကျေးပြောရရင် " ရှံူးနိမ့်အောက်ကျတဲ့ စိတ်ဘဝင်" ရှိနေရင် ၊ ဒါမှမဟုတ် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ဆို " ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်မှု" တွေများနေရင်ပေါ့ ။ တကယ့်ကို အမှန်အကန် တူယှဉ်တွဲနေထိုင်မှု ဆိုတာရှိတယ် ။ တကယ့် တူယှဉ်တွဲခြင်းဆိုတာ လူ့အဖွဲ့အစည်းတရပ်က လူတွေကို သင်တို့ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ် ဆိုတာနဲ့ စိတ်ဓာတ်နိမ့်ကျအားငယ်မှုနဲ့ တွဲယှဉ်နေထိုင်ခြင်းမျိုးပဲ ဖြစ်တယ် ။ အဲဒီတော့ ဒါဘာကိုပြောလည်းဆိုရင် အကောင်းဖက်ကိုသန်းတဲ့ အရာတခုမှာ ဆိုးညစ်တဲ့ တွန်းပြန်မှုတခုရှိတယ် ဆိုတာပါပဲ ။ နောက်တချက် ရှိသေးတယ် ။ ကျွန်တော်တို့ ဘာ့ကြောင့် ကျွန်တော်တို့ရဲ့ အလုပ်အကိုင်တွေ ၊ ရာထူးဌာနတွေနဲ့ ပတ်သက်လို့ အရင်ကထက် စိတ်ဖိစီးမှု ပိုများတတ်ကြသလည်း ဆိုတာပါပဲ ။ ပြီးတော့ ထပ်ပြောရမယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်တခုနဲ့ ဆက်နွယ်နေလို့ပါပဲ ။ အဲဒီ ကောင်းတဲ့အချက်ဆိုတာဘာလည်းဆိုရင် ဆုပေးစနစ်ဖြစ်ပါတယ် ။ လူတိုင်းသာမက လက်ဝဲ လက်ယျာနိုင်ငံရေးသမားအားလုံးဟာ ဆုပေးစနစ်ဟာ တကယ့်ကို ကောင်းတဲ့အရာပဲလို့ သဘောတူညီကြပါတယ် ။ ကျွန်တော်တို့တွေဟာ ကိုယ့်အဖွဲ့အစည်းတွေကို ဆုပေးစနစ်ဖြစ်အောင် ကြိုးစားသင့်ပါတယ် ။ တနည်းအားဖြင့်ဆိုရင် ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဟာ ဘာလည်းဆိုရင် ဆုပေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းဆိုတာ ခင်ဗျားမှာ ပင်ကိုယ်အစွမ်းသတ္တိရယ် ၊ အားအင်ရယ် ၊ အရည်အချင်းရယ် ရှိမယ်ဆိုရင် ခင်ဗျားဟာ ထိပ်ဆုံးကို ရောက်ကိုရောက်လိမ့်မယ် ။ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ဘူး ။ ဒါဟာ သိပ်ကိုလှပတဲ့ အတွေးအခေါ်တခုပဲနော် ။ ပြဿနာက ခင်ဗျား ဒီစနစ်နဲ့အဖွဲ့အစည်းကို တကယ်ယုံကြည်မယ်ဆိုရင် တော်တဲ့သူက ချီးမြောက်ခံရလို့ ထိပ်ရောက်မယ်လို့ ခင်ဗျားယုံကြည်တယ် ။ ဒါဆိုရင် သွယ်ဝိုက်သောအားဖြင့် ညစ်စုတ်စုတ်အတွေးနဲ့ ပြောရရင် ခင်ဗျားဟာ ဒီအဖွဲ့အစည်းမှာ မကြိုးစားပဲ လေလွင့်နေတဲ့သူ ၊ မအောင်မြင်တဲ့သူတွေဟာလည်း အမြဲတမ်း လူ့အောက်ကျနေမယ် ၊ ဘယ်တော့မှာ ထိပ်ရောက်မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သလို ဖြစ်သွားလိမ့်မယ် ။ နောက်တမျိုးပြောရရင် ၊ ခင်ဗျား ဒီဘဝကိုရောက်လာတာ မတော်တဆ မဟုတ်တော့ဘူး ခင်ဗျားဟာ ဘဝမှာ အောင်မြင်မှုတွေကို ရကိုရယူရမယ် ၊ ခင်ဗျားဟာ ထိုက်ထိုက်တန်တန် ဒီဘဝကို ရတာလို့ဆိုလိုတာ ဖြစ်သွားတယ် ။ ဒီလို ယူဆတာဟာ ရှံူးနိမ့်မှုအပေါ်ထားတဲ့ သဘောထားကို ပိုပြီး နက်နဲစေတော့တာပါပဲ ။ ခင်ဗျားသိလား ။ အင်္ဂလန်မှာ ခေတ်လယ်ကာလတုန်းကပေါ့ ခင်ဗျားဟာ လူဆင်းရဲတယောက်ကို တွေ့လိုက်ပြီဆိုရင် အဲဒီလူကို ကံမကောင်းတဲ့သူလို့ သတ်မှတ်လေ့ရှိတယ် ။ စာစကားအရတော့ ဒီလူဟာ ကုသိုလ်ထူးနဲ့လွဲခဲ့တဲ့ ကံမွဲသူတယောက်ပေါ့ ။ အခုခေတ်မှာတော့ ဒီလို မဟုတ်ဘူး ။ အထူးသဖြင့် အမေရိကားမှာ ခင်ဗျားဟာ လူဆင်းရဲအတန်းအစားကို တွေ့လိုက်ပြီဆိုတာနဲ့ ဒီလူတွေကို လူဖျင်းလူညံ့ အဖြစ်သတ်မှတ်လိုက်တော့တယ် ။ စဉ်းစားကြည့်နော် ။ ကံမွဲတယောက်နဲ့ လူညံ့တယောက်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်က တကယ့်ကို မတူဘူးနော် ။ ဒါဟာ ဘာကိုပြောသလည်းဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနှစ် ၄၀၀ အတွင်း တဖြည်းဖြည်း ပြောင်းလဲလာမှု နဲ့ ငါတို့ရဲ့ဘဝအတွက် ဘယ်သူ့မှာ တာဝန်ရှိသလည်းဆိုတာရဲ့ အတွေးအခေါ် ယုံကြည်ချက်ပဲ ။ ထာဝရဘုရားဆိုတာလည်း မရှိတော့ဘူး ၊ ငါတိုိ့ဆိုတာပဲရှိတာ ။ ငါတို့ဟာ ငါတို့ဘဝကားကို မောင်းနှင်နေတဲ့ ဒရိုင်ဘာတွေပဲ ။ ခင်ဗျားဟာ အောင်မြင်နေတဲ့သူဆိုရင်တော့ ဒီအချက်အပေါ်မှာ ခင်ဗျား ပီတိတွေဖြာနေလိမ့်မယ် ။ ခင်ဗျားဟာ ရှံူးနိမ့်နေတဲ့သူဆိုရင်တော့ ခင်ဗျား စိတ်မကောင်းတွေ ဖြစ်နေလိမ့်မယ်နော် ။ လူမှုဆက်ဆံရေးဗေဒပညာရှင်တယောက်ဖြစ်တဲ့
(trg)="1"> Za mene one se normalno dešavaju , mislim na krize u karijeri , često u nedelju uveče , kad sunce počinje da zalazi , i razlika između nade u budućnost i realnosti , počinje da se povećava tako da obicno završim jecajući u jastuk .
(trg)="2"> Sve ovo spominjem , jer mislim da ovo nije samo moj problem .
(trg)="3"> Vi možda mislite da grešim .