# io/jwFSZ7rYSIVb.xml.gz
# my/jwFSZ7rYSIVb.xml.gz


(src)="1"> Danko ... multa danko .
(trg)="1"> ကျေးဇူးတင်ပါတယ် ။ အရမ်းကျေးဇူးတင်ပါတယ် ။

(src)="2"> Sioro Prezidero , Sioro Neben- Prezidanto , membri de
(src)="3"> Kongreso , eminenta gasti , ed sama
(src)="4"> Amerikani : antea monato , me iris a Andrews Air
(trg)="4"> Vice President , လွှတ်တော် ကိုယ်စားလှယ်များ အထူးဧည့်သည်တော်များ နှင့် အမေရိကန်ပြည်သူများ ခင်ဗျား ။ွှအရင်လ က ကျွန်တော် Andrews Air

(src)="5"> Force Base ed recevis heme ula nia finala soldati servir a Irak .
(src)="6"> Kune , ni prizentis finala , fiera saluto a standardo sub quon plu de miliono de nia sam- patri- ani bataliis -- ed plura mili donis sua vivi .
(src)="7"> Ni kolektas ca- nokte konocante ke ca generaciono de heroi plu- sekurigis ed plu- estimigitis
(trg)="5"> Force စခန်း ကို သွားရောက်ပြီွးှအီရတ်မှာတာဝန်ထမ်းဆောင်ရင်း နောက်ဆုံးကျန်ရစ်တဲ့ ကျွန်တော်တို့ရဲ့ စစ်သားတွေ ပြန်လည်ရောက်ရှိလာတာကိုသွားရောက် ကြိုဆိုခဲ့ပါတယ် ။ ကျွန်တော်တို့ အတူတကွ ဂုဏ်ယူစွာဖြင့် သူတို့ကို နောက်တစ်ကြိမ် အလေးပြုရအောင် ။ ကျွန်တော်တို့ရဲ့ တစ်သန်းကျော်သော နိုင်ငံသားတွေဟာ တိုက်ပွဲဝင်ခဲ့ပြီး ထောင်နဲ့ချီ အသက် စတေးပေးခဲ့ကြတယ် ။ ကျွန်တော်တို့ ဒီနေ့ည ဆုံဆည်းရာမှာ သိရမှာက ယခုခေတ်ရဲ့ သူရဲကောင်းတွေသည် အမေရိကန်ပြည်ထောင်စုကို ပိုပြီးလုံခြုံတဲ့တိုင်းပြည် ၊ ကမ္ဘာ္ဘတစ်ဝန်း ပိုပြီး လေးစားခံရတဲ့ တိုင်းပြည်အဖြစ် စွမ်းဆောင်နိုင်ခဲ့ကြောင်းပါပဲ ။ ( လက်ခုပ်သံ ) ၉နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် အီရတ်မှာ တိုက်ခိုက်နေတဲ့ အမေရိကန်စစ်သားတွေ လုံးဝ မရှိတော့ပါဘူး ။ ( လက်ခုပ်သံ ) နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အိုစမာ ဘင် လာဒင် ဟာ ဒီတိုင်းပြည်ရဲ့ အန္တရာယ် မဟုတ်တော့ပါဘူး ။ ( လက်ခုပ်သံ ) အယ်လ်ခိုင်ဒါ ရဲ့ ထိပ်တန်း ခေါင်းဆောင် တော်တော်များများဟွှာနှိပ်ကွပ်ခံရပြီးဖြစ်တယ် ။ တာလီဘန် ရဲ့ အရှိန်အဟုန်ကိုလည်း ရိုက်ချိုးပြီး ဖြစ်တယ် ။ အာဖဂန်နစ္စတန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ တစ်ချို့စစ်တပ်တွေဟာလည်း အိမ် စ ပြန်လာပါပြီ ။ ဒီအောင်မြင်မှုတွေဟာ အမေရိကန် လက်နက်ကိုင်တပ်တွေရဲ့ သတ္တိ ၊ ကိုယ်ကျိုးစွန့်လွှတ်မှု ၊ စိတ်တူကိုယ်တူပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ပဲဖြစ်တယ် ။ ကျွန်တော်တို့ရဲ့ များစွာသော အစိုးရအဖွဲ့အစည်းတွေ ကျွန်တော်တို့ကို စိတ်ဓါတ်ကျစေချိန်မှာ သူတို့တွေဟာ မျှော်လင့်တာထက် ဆထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့တယ် ။ သူတို့တွေဟာ အတ္တ အတွက်နဲ့အချိန်ကုန်မနေဘူး ။ မတူညီတဲ့ အယူအဆတွေ နဲ့ ငြီးမနေဘူး ။ လက်ထဲမှာရှိတဲ့ တာဝန်ကို စူးစိုက်လုပ်ဆောင်ခဲ့တယ် ။ အတူတကွ အလုပ်ဖြစ်အောင် လုပ်ခဲ့တယ် ။ တွေးကြည့်ပါ ။ ကျွန်တော်တို့တွေ သူတို့ကို ဥပမာယူပြီး လုပ်ရင် ဘယ်လောက် အောင်မြင်နိုင်မလဲဆိုတာ ။ ( လက်ခုပ်သံ ) ကျွန်တော်တို့လက်လှမ်းမှီသလောက် အမေရိကား အကြောင်းစဉ်းစားကြည့်ပါ ။ ကမ္ဘာကိုဦးဆောင်ပြီး လူတွေကို ပညာသင်ကြားပေးတဲ့နိုင်ငံ ။ ခေတ်သစ် နည်းပညာမြင့် ကုန်ထုတ်လုပ်မှု နဲ့ လခ ကောင်းကောင်းရတဲ့အလုပ်အကိုင်တွေ ကို စွဲဆောင်နိုင်တဲ့နိုင်ငံ ။ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ လက်ဝယ်မှာ ရှိတဲ့ ကိုယ်ပိုင် စွမ်းအင် ၊ ကိုယ်ရဲ့ လုံခြုံမှု နှင့် ကြွယ်ဝမှုတွေဟာ မတည်ငြိမ်တဲ့ အရပ်တွေနဲ့ ဆက်စပ်မနေတဲ့နိုင်ငံ ။ တည်တံ့တဲ့ စီးပွားရေး ဆောက်တည်ရာမှာ အားထုတ်မှုတွေ ကို ခံစားနိုင်မယ့် တာဝန်ကျေပွန်မှု ကို ဆုချနိုင်တဲ့ စနစ်ရှိတဲ့ နိုင်ငံ ။ ကျွန်တော်တို့ ဒါကို လုပ်နိုင်ပါတယ် ။ လုပ်နိုင်တာကို သိပါတယ် ။ ဘာလို့လဲဆိုတော့ အရင်တုန်းကလည်း လုပ်ပြဖူးပြီးပြီ ။ ဒုတိယ ကမ္ဘာစစ်အပြီး အဲ့ဒီ့ခေတ်သူရဲကောင်းတွေ စစ်ပြီး အိမ်ပြန်လာတော့ သူတို့တွေ အင်အားအကြီးဆုံး စီးပွားရေး နှင့် အလယ်တန်းစားလူထုကို ကမ္ဘာသိ ထူထောင်ခဲ့ကြတယ် ။ ( လက်ခုပ်သံ ) Patton 's Army ရဲ့ စစ်ပြန် ၊ ကျွန်တော့် အဖိုး ကတော့

(src)="33"> ( Aplaudo . ) Mea avulo , veterano del armeo de Patton , havis chanco frequentar kolegio per
(src)="34"> GI Lego .
(src)="35"> Mea avino , quo laboris ye asemblo- lineo pri bombo- aeroplani , parto- prenis en labor- forco quo produktis la maxim bona produkturi al Tero .
(trg)="6"> GI Bill ရဲ့ကျေးဇူးနဲ့ ကောလိပ်တက်ရောက်ခဲ့တယ် ။ ကျွန်တော့် အဖွားကတော့ bomber တပ်ဆင်ရေး အလုပ်မှာ လုပ်ခဲ့ပြီး ကမ္ဘာရဲ့ အကောင်းဆုံး ထုတ်ကုန်တွေထုတ်တဲ့ အလုပ်ဝင်အဖြစ်ပါဝင်ခဲ့တယ် ။ သူတို့နှစ်ဦးလုံး ဟာ စီးပွားရေးပျက်ကပ်နှင့် ဖက်ဆစ်ဝါဒ ကို အောင်နိုင်ခဲ့တဲ့ နိုင်ငံ အဖြစ် ကျွန်တော်တို့နိုင်ငံ အနာဂတ်ကို အကောင်းမြင် ခဲ့ကြတယ် ။ သူတို့ဟာ ပိုပြီး ကျယ်ပြန့်တဲ့အရာ တစ်ခုခုရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ကြောင်း နားလည်ကြတယ် ။ သူတို့ ဟာ အမေရိကန်ရဲ့ အောင်မြင်မှု ပုံပြင်ကို ဖော်ဆောင်ခဲ့ပြီး လက်ဆင့်ကမ်းနိုင်ခဲ့တယ် ။ အဲဒါက ဘာလဲဆိုတော့ အမေရိကန်ရဲ့ အခြေခံကျတဲ့ ကတိပဲ ။ အကယ် ၍ သင် အလုပ်ကြိုးစား လုပ်ရင် သင်မိသားစုကို ထူထောင်နိုင်မယ် ၊ ကိုယ်ပိုင်အိမ် ၀ယ်နိုင်မယ် ၊ သင့် ကလေးတွေ ကို ကောလိပ်ပို့နိုင်မယ် ။ ပြီးတော့ ပင်စင်ယူဖို့ စုငွေလေးတွေ စုဆောင်းနိုင်မယ် ။ ကျွန်တော်တို့ ဒီအချိန်မှာ အဓိကကျတဲ့ ကိစ္စရပ်ဟာ အဲ့ဒီ့ ကတိကို ဆက်လက်ရှင်သန်နေစေဖို့ပဲ ။ ဘယ်စိန်ခေါ်မှု ကမှ ဒီထက် အရေးပေါ်မဖြစ်ဘူး ။ ဘယ် အငြင်းအခုံမှ ဒီထက်အရေးမကြီးတော့ဘူး ။ ကျုပ်တို့ တွေဟာ ကာင်းမွန်စွာ လုပ်စား နိုင်တဲ့ လူဦးရေ ကျုံ့လာပြီး စားလောက်ရုံသာ ရှာနိုင်တဲ့ လူဦးရေ ကြီးထွားလာတဲ့ နိုင်ငံ အဖြစ် တင်းတိမ်နေမလား ၊ ဒါမှမဟုတ် ကျုပ်တို့ဟာ ပြည်သူအားလုံး တရားမျှတတဲ့ အခွင့်အရေးရအောင် အားလုံး မျှတူ ခံစားနိုင်အောင် နဲ့ အားလုံး ဟာ မျှတပြီး တစ်ခုတည်း ရှိတယ့် စည်းမျဉ်းစည်းကမ်း တွေနဲ့ အလုပ်လုပ်နိုင်အောင် လုပ်ပေးနိုင်တဲ့ စီးပွားရေး စနစ်ပြည်ထူတောင်မလားဆိုတာပါပဲ ။ အခု အန္တရာယ်ရှိနေတာက ဒီမိုကရက်တစ်ပါတီရဲ့ တန်ဖိုး သို့မဟုတ် ရီပတ်ပလစ်ကန်ပါတီရဲ့ တန်ဖိုး တွေ မဟုတ်ဘူး ။ အမေရိကန်တွေရဲ့ တန်းဖိုးပဲဖြစ်တယ် ။ ဒီတန်ဖိုးကို ပြန်လည်ရယူရမယ် ။ ဒီအခြေအနေဘယ်လိုရောက်လာလဲဆိုတာ ကြည့်ရအောင် ။ စီးပွားရေး အရည်ပျော်မှုမဖြစ်ခင် ဟိုးရှေ့ကတည်းက အလုပ်အကိုင်တွေ ကုန်ထုတ်လုပ်မှုတွေ ဟာ ကျွန်တော်တို့ ကမ်းကနေ စ ထွက်ခွာနေပြီ ။ နည်းပညာသစ်တွေက လုပ်ငန်းတွေကို ပိုပြီး မြန်မြန်မှန်မှန် စွမ်းဆောင်နိုင်သလို တစ်ချို့အလုပ်တွေကိုလဲ ပျောက်ဆုံးစေခဲ့ပါတယ် ။ ထိပ်တန်းမှာ ရှိတဲ့ လူတွေဟာ သူတို့ရဲ့ ၀င်ငွေတွေ တိုးလာတာ ဘယ်ခေတ်အချိန်မှ ဒီလောက်မတိုးဖူးပါဘူး ။ ဒါပေမယ့် အရမ်းအလုပ်ကြိုးစားတယ့် အမေရိကန်သားတွေကတော့ဖြင့် ကုန်ဈေးနှုန်းတက်လာမှုတွေ နဲ့ရုန်းကန်ရပေမယ့် ၊ လခ ကတော့ တက်မလာပါဘူး ။ ကိုယ်ပိုင်အကြွေးတွေသာ ပိုပြီး စုပုံလာပါတယ် ။ ၂၀၀၈မှာ ဒါတွေအားလုံး ပြိုကျပျက်ဆီးခဲ့တယ် ။ ကျွန်တော်တို့သိလိုက်တာက မတတ်နိုင်တဲ့လူတွေ မသိနားမလည်တဲ့ သူတွေကို အိမ်တွေရောင်းတယ် ။ ဘဏ်တွေဟာ သူတစ်ပါးရဲ့ငွေ တွေနဲ့ ကြီးမားတဲ့ လောင်းကစားလုပ် ၊ ဘောက်ဆူးတွေကိုယ့်ဟာကိုယ်ပေးနဲ့ လုပ်သွားကြတာပါပဲ ။ စည်းကမ်းစီစစ်ရေးတွေကလည်း မျက်ကွယ်ပြုထားသလို ယခုလို ဆိုးသွမ်းတဲ့ စရိုက်ကို ရပ်တန့်ဖို့ အာဏာမရှိခဲ့ဘူး ။ ဒါဟာ အမှားတွေပဲ ။ ဒါဟာ တာဝန်မဲ့မှုတွေပဲ ။ ဒါဟာ ကျွန်တော်တို့ စီးပွားရေးကို ချောက်ချပြီး သန်းနှင့်ချီတဲ့ အလုပ်အကိုင်တွေကို ပျောက်ဆုံးစေခဲ့တယ် ။ အကြွေးသံသရာ လည်စေတယ် ။ ဖြူစင်တဲ့ ကြိုးစားတယ့် ပြည်သူတွေကို ဒုက္ခပေးခဲ့တယ် ။ ကျွန်တော် တာဝန်မယူမှီ ၆လ အလိုမှာ အလုပ်အကိုင် ၄ သန်း နီးပါး ပျောက်ဆုံးခဲ့ရတယ် ။ ကျွန်တော်တို့ရဲ့ ပေါ်လဆီ အကျိုးမသက်ရောက်ခင် နောက်ထပ် ၄သန်း ပျောက်ဆုံးခဲ့ရတယ် ။ ဒါတွေဟာ အချက်အလက်တွေဖြစ်တယ် ။ အခုပြောမယ့် ဟာတွေလည်း အချက်အလက်တွေပါပဲ ။ ပြီးခဲ့တဲ့ ၂၂လမှာ လုပ်ငန်းတွေဟာ အလုပ်အကိုင် ၃သန်း ဖော်ဆောင်ခဲ့တယ် ။ ( လက်ခုပ်သံ ) အရင်နှစ်မှာ ဖန်တီးခဲ့တဲ့ အလုပ်အကိုင်ဟာ ၂၀၀၅ နောက်ပိုင်း အများဆုံးဖြစ်တယ် ။ အမေရိကန် ကုန်ထုတ်လုပ်သူတွေဟာ ၀န်ထမ်းငှားရမ်းနေပါပြီ ။ 1990 နှောင်းပိုင်း ပထမဆုံးအကြိမ် အဖြစ် အလုပ်အကိုင်တွေ ဖန်တီးနေပါပြီ ။ ကျွန်တော်တို့ လိုငွေပြမှုကို ၂ ထရီလျံ ဒေါ်လာအထိလျှော့ချဖို့ သဘောတူပြီးဖြစ်တယ် ။ ကျွန်တော်တို့တွေ စည်းကမ်း အသစ်တွေနဲ့ Wall Street ကို တာဝန်ယူစေရမယ် ။ ဒီတော့မှ ယခုလို ပြသနာကြီး လုံးဝ ထပ်မပေါ်လာမှာ ဖြစ်တယ် ။ ( လက်ခုပ်သံ ) ကျွန်တော်တို့ပြည်ထောင်စုရဲ့ အခြေအနေဟာ ပိုပြိး သန်မာလာပါပြီ ။ နောက်ပြန်လှည့်ဖို့ရာ မဖြစ်နိုင်တော့ဘူး ။ ကျွန်တော် သမ္မတ ဖြစ်နေသမျှကာလပတ်လုံး ယခုရရှိလာတဲ့ အရှိန်အဟုန်ကို ထိန်းသိမ်းဖို့ ဒီ အခန်းထဲမှာ ရှိတဲ့ မည်သူမဆို အတူလုပ်ကိုင်သွားမယ် ။ ဒါပေမယ့် ပိတ်ဆို့မှုမှန်သမျှကို ချေမှုန်းသွားမယ် ။ ဒီ စီးပွားရေး ပြသနာကိုဖြစ်ပေါ်စေခဲ့တယ့် မူဝါဒတွေကို ပြန်သွားမယ့် ကြိုးမမ်းမှု မှန်သမျှ ကျွန်တော်ဟာ လုံးဝ ဆန့်ကျင်သွားမယ် ။ ( လက်ခုပ်သံ )