# ibo/BhT0XnBD94o6.xml.gz
# my/BhT0XnBD94o6.xml.gz


(src)="1"> Ndi ohaneze , na TED anyi na ekwu maka ichi na otu ibido ihe
(src)="2"> Ka anyi lee anya otu ihe na aga , site na mbido ruo na ngwucha , na ikeji ato ma mutakwa ihe ona akuzi
(src)="3"> Nke mbu , okwa unu ma na onye na edu kwesiri igbasike ime ihe ndi ozo ga eji chia ya ochi . mana ihe o na eme di mfe iso
(trg)="1"> ကိုင်း ၊ ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ ခင်ဗျာ ၊ TED မှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်တာ ၊ လှုပ်ရှားမှုတစ်ခု ဘယ်လို အစပြုရတယ်ဆိုတာတွေကို ကျွန်တော်တို့ အတော်များများ ဆွေးနွေးကြပါတယ် ။ ဒီတော့ ဦးတည်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်တာကို အစ ၊ အဆုံး ကြည့်ကြရအောင်လားဗျာ ။ ( ၃ ) မိနစ် လျော့လျော့လေးအတွင်း ၊ အဲဒီကနေ သင်ခန်းစာတစ်ချို့ကို ခွဲခြမ်းစိတ်ဖြာကြတာပေါ့ဗျာ ။ ပထမဆုံးအနေနဲ့ ခင်ဗျားတို့ သိပါတယ် ။ ခေါင်းဆောင်တစ်ယောက်ဟာ လူအများကြားမှာ ပေါ်ပေါ်လွင်ရှိဖို့နဲ့ အလှောင်အပြောင်ခံရဲတဲ့ သတ္တိရှိဖို့လိုအပ်ပါတယ် ။ ဒါပေမဲ့ သူလုပ်ဆောင်နေတာကို နောက်ကနေလိုက်ဖို့ဆိုတာ အရမ်းကြီးကို လွယ်ကူပါတယ် ။ ကဲ ဒီမှာတော့ အရေးပါတဲ့ ကဏ္ဍတစ်ခုနဲ့ သူ့ရဲ့ ပထမဆုံးသော နောက်လိုက်တစ်ယောက်ပါ ။ သူကနေပြီး အခြားသောလူတိုင်းကို ဘယ်လို နောက်လိုက်လုပ်ရမယ် ဆိုတာကို ပြသတော့မှာပါ ။ ကဲ ခေါင်းဆောင်တစ်ယောက်ဟာ သူ့ကို တန်းတူတူညီမျှအဖြစ်နဲ့ လက်ခံကြိုဆိုတာကို သတိထားကြည့်လိုက်ပါ အဲဒီလိုဆိုတော့ အဲဒါဟာ ခေါင်းဆောင် မဟုတ်တော့ဘူးပေါ့ ။ ပတ်သက်တာက သူတို့တွေပါ ၊ အများစုပေါ့ ။ ကဲ ဒီမှာတော့ သူက သူ့မိတ်ဆွေကို ဆော်ဩနေပါတယ် ။ ကဲဒီမှာ ပထမဆုံး နောက်လိုက်တစ်ယောက်ဟာ တကယ့်တမ်းကျ​တော့ ၎ င်းကိုယိတိုင်ကိုက လျှော့တွက် ခံထားနေရတဲ့ ခေါင်းဆောင် ပုံစံတစ်ခုဖြစ်ပါတယ် ။ ဒီလိုမျိုး ရပ်တည်ဖို့ ပေါ်ပေါ်လွင်လွင်ရှိဖို့ သတ္တိရှိရမှာပေါ့ ။ ပထမနောက်လိုက်ဆိုတာဟာ တစ်ကိုယ်တော် ခပ်ကြောင်ကြောင်ငတိကို ခေါင်းဆောင်တစ်ဖြစ်လာအောင် ပြောင်းလဲပေးတဲ့ သူပဲလေ ။ ( ရယ်သံများ ) ( လက်ခုပ်သံများ ) နောက်ပြီး ဟောဒီမှာ ဒုတိယမြောက် နောက်လိုက်တစ်ယောက်ပါ ။ ဒီအချိန်မှာတော့ တစ်ကိုယ်တော် ငကြောင်တော့မဟုတ်ဘူးဗျ ။ ဒါက ငကြောင်နှစ်ကောင် မဟုတ်ဘူး ။ ( ၃) ယောက်ဆိုရင် လူအုပ်ဖြစ်တယ်လေ ။ ပြီးတော့ လူအုပ်တစ်အုပ်ဟာ သတင်းပဲပေါ့ဗျာ ။ ဒါကြောင့် ဦးတည်လှုပ်ရှားမှုတစ်ခုဟာ အများတကာနဲ့ ပတ်သက်ရမယ်လေ ။ ခေါင်းဆောင်ကိုသာမဟုတ်ပဲ ၊ နောက်လိုက်တွေကိုလည်း ပြသဖို့ အရေးကြီးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ဗျာ နောက်လိုက်အသစ်တွေ အတုယူကြတာ နောက်လိုက်တွေကို ဖြစ်ပြီး ခေါင်းဆောင်တွေကို မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ တွေ့ရှိရမှာ မို့လို့ပါ ။ ကဲ ဒီမှာ နောက်ထပ် လူနှစ်ယောက် လာပြန်ပါပြီဗျာ ။ နောက် ချက်ချင်းကြီးပဲဗျာ နောက်ထပ်( ၃) ယောက် ။ အခုအချိန်မှာတော့ ကျွန်တော်တို့ အရှိန်ရနေပါပြီ ။ အကြံပေးချင်တဲ့ အချက်က ဒါပါ ။ အခု ကျွန်တော်တို့မှာ ဦးတည်လှုပ်ရှားမှုတစ်ခုရှိနေပါပြီ ။ ဒါ​ကြောင့် လူတွေ ပိုပြီးပူးပေါင်းပါဝင်လာလေလေ ၊ အန္တရာယ်နည်းလေလေဆိုတာကို သတိပြုလိုက်ကြပါ ။ ဒါကြောင့် ခုနတုန်းက ခြံစည်းရိုးခွထိုင်နေကြတဲ့ လူတွေဟာ ထလာစရာ အကြောင်းမရှိသေးဘူးလေ ။ သူတို့တွေ ထပြီ ထွက်လာကြမှာ မဟုတ်ပါဘူး ။ ​လှောင်ပြောင်သရော်တာလည်း မခံရတော့ဘူးလေ ။ ဒါပေမဲ့ ကတိုက်ကရိုက်ကြီးဆိုရင်တော့ သူတို့တွေဟာ လူအုပ်ရဲ့ အစိတ်အပိုင်းတစ်ပိုင်း ဖြစ်တော့မှာပေါ့ ။ ( ရယ်သံများ ) ဒီတော့ နောက်ခဏလောက်မှာတော့ သူတို့အားလုံးဟာ လူအုပ်နဲ့ တစ်သားတည်းဖြစ်ဖို့ကို လိုလားတယ်ဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရတော့မှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ဗျာ နောက်ဆုံးကျတော့ အုပ်စုထဲမှာ သူတို့ဝင်မပါရင် လှောင်ပြောင်ခံရတော့မှာကိုးဗျ ။ ဒါက ဦတည်လှုပ်ရှားမှုတစ်ခုကို ဘယ်လိုစတင်တယ်ဆိုတာပဲပေါ့ဗျာ ။ ဒါပေမဲ့ ဒါကနေရရှိလိုက်တဲ့ သင်ခန်းစာတွေကို ပြန်ခြုံပြီးကြည့်လိုက်ကြရအောင်ဗျာ ။ ဒီတော့ ပထမအနေနဲ့က ခင်ဗျားဟာ တစ်ယောက်တည်းရပ်ပြီး အင်္ကျီဗလာနဲ့ ကနေတဲ့ လူတစ်ယောက်လို အမျိုးအစားဆိုရင်တော့ဗျာ ခင်ဗျားရဲ့ ပထမနောက်လိုက်တွေကို ဦးတည်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းဖြစ်ဖို့ကို အညီအမျှအားပေးဖို့ အရေးကြီးတယ်ဆိုတာ သတိရလိုက်ပါ ။ ခင်ဗျားကို မဟုတ်ဘူးနော် ။ ကောင်းပါပြီ ၊ ဒါပေမဲ့ ဒီမှာ ကျွန်တော်တို့ တကယ့် သင်ခန်းစာကို လွတ်များလွတ်သွားပြီးလားဗျာ ။ အကြီးမားဆုံး သင်ခန်းစာက ... ခင်ဗျားတို့ သတိထားမိခဲ့ရင်ပေါ့ဗျာ ၊ ..... ကြားမိလိုက်ကြပါလားဗျာ ... ခေါင်းဆောင်မှုဆိုတာက အလွန်အမင်းကြီကို အမွှန်းတင်ခြင်းဆိုတာကိုလေ ။ ဒါ ဟုတ်တယ်ဗျ ၊ ပထမလူက အင်္ကျီဗလာနဲ့လူလေ ၊ ပြီးတော့ သူပဲ အမှတ်တွေအကုန်လုံးရမှာပေါ့ဗျာ ။ ဒါပေမဲ့ တကယ်တမ်းကျတော့ တစ်ကိုယ်တော် ငတိကို ခေါင်းဆောင်တစ်ယောက်အဖြစ် ပြောင်းလဲလိုက်တာက ပထမနောက်လိုက်ပါ ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အားလုံးဟာ ခေါင်းဆောင်တွေဖြစ်သင့်တယ်လို့ ပြောကြသလိုပဲ ဒါဟာ တကယ့်ကို ထိရောက်မှုရှိမှာ မဟုတ်ပါဘူး ။ တကယ်လို့ ခင်ဗျားဟာ ဦးတည်လှုပ်ရှားမှုတစ်ခု စတင်ဖို့ တကယ်ကို ဂရုတစိုက်ရှိတယ်ဆိုရင် ၊ နောက်ကနေလိုက်ဖို့ သတ္တိရှိပါ ၊ ပြီးတော့ ကျန်တဲ့သူတွေကို ဘယ်လို နောက်လိုက်လုပ်ရမယ်ဆိုတာကို ပြသလိုက်ပါတော့ဗျာ ။ နောက်ပြီး ကြောင်တောင်တောင် တစ်ကိုယ်တော် ငတိတစ်ကောင်ဟာ ကြီးကြီးကျယ်ကျယ် တစ်ခုခုကို လုပ်နေတာကို တွေ့မြင်လိုက်တယ်ဆိုရင် သူ့ဘက်ကရပ်တည်ပြီး ၊ သူနဲ့ပါဝင်တဲ့ ပထမဆုံးတစ်ယောက်ဖြစ်ဖို့ သတ္တိရှိပါစေ ။ ဒါကို လုပ်ဆောင်ဖို့ TED ဟာ အကောင်းဆုံး နေရာတစ်ခုပဲပေါ့ဗျာ ။ ကျေးဇူးတင်ပါတယ် ။ ( လက်ခုပ်သံများ )