# aa/cT5S9NfVooYA.xml.gz
# my/cT5S9NfVooYA.xml.gz
(src)="1"> s this is a new subtitle and another one here is yet another one
(src)="2"> s s s s
(src)="3"> s
(trg)="1"> စစ်ပွဲကြီးတစ်ခုရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက် ဆိုပေမယ့်လည်း စစ်ပွဲနှစ်ခြမ်းရဲ့အခြေအနေတွေကတော့ ကွဲပြားခြားနားမှု ကြီးကြီးမားမားရှိနေပါတယ် မတူညီတဲ့အချက်တွေကတော့ ဘယ်စစ်မျက်နှာမှာ ဘယ်သူတွေတိုက်ခိုက်နေကြတွေတာရယ် တိုက်ပွဲအခြေအနေ ဘယ်လောက်ပြင်းထန်းနေလဲ ဆိုတာတွေပါပဲ အနောက်စစ်မျက်နှာက ဒီနေရာလေးမှာဖြစ်ပြီးတော့ အနောက်စစ်မျက်နှာက အရှေ့စစ်မျက်နှာထက်လည်း ပိုကျဉ်းပါတယ် အရှေဘက်ခြမ်းမှာဖြစ်နေတဲ့စစ်ပွဲက အဲဒီဒေသတွေမှာဖြစ်ပါတယ် ဒါကြောင့် အရှေ့ဘက်ခြမ်းမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ မြေကတုတ်ကျင်းတွေကို အထူးအသုံးပြုတာမျိုးမရှိခဲ့ပါဘူး တကယ်တမ်းတော့ အဲဒီမြေကတုတ်ကျင်းတွေဟာ အရှေ့ဘက်ရှိစစ်ပွဲတွေအတွက် အရမ်းကြီးအသုံးမ၀င်ပါဘူး မြေကတုတ်ကျင်းတွေကို တူးမယ်ဆိုပါစို့ ..... မြေကတုတ်ကျင်းတွေကို ကိုယ့်ရဲ့နယ်မြေပတ်ပတ်လည်တစ်လျှောက် တူးထားနိုင်တယ်ဆိုရင် စစ်ပွဲတွေဖြစ်လာတဲ့အခါမှာ ခံစစ်ကြောင်းအတွက် အရမ်းအရေးပါပါတယ် .. ဒီမှာတွေဆိုရင် မြေကတုတ်ကျင်းတွေကို ကျော်နိုင်ဖို့ခက်ခဲနေပါတယ် .. ကျင်းလေးတွေ တူးထားမယ်ဆိုရင် ရန်သူတွေလာတိုက်တဲ့အခါမှာ အဲဒီကျင်းတွေကို သူတို့က ကျော်ဖြတ်ရတော့မယ် ကိုယ့်ဘက်မှာ စက်သေနတ်တွေရှိတဲ့အတွက် ကတုတ်ကျင်းကနေ ထိုင်နေပြီး တက်လာတဲ့ရန်သူမှန်သမျှကို လွယ်လွယ်ကူကူနဲ့ အထက်စီးကနေ ပစ်ခတ်လို့ရပါတယ် .. အဲဒါဗျူဟာတွေကို အနောက်ဘက်စစ်မျက်နှာတွေမှာ ပိုမိုအသုံးပြုလေ့ရှိပါတယ် အထူးတဖြင့် Schlieffen စစ်ဆင်ရေးတွေက မအောင်မြင်တဲ့အခါ တိုက်ပွဲတွေကလည်း သူမနိုင်ကိုယ်မနိုင်ဖြစ်နေပါတယ် ဒါကြောင့် အဲဒီဒေသတွေမှာ ခံတပ်တွေကို ကြီးကြီးမားမားဆောက်လုပ်ထားကြတယ် နှစ်ဘက်စလုံး မြေကတုတ်ကျင်းတွေကို ဆောက်လုပ်ထားတတ်ကြပြီး ခုခံတိုက်ခိုက်ရတဲ့စစ်တပ်အတွက်ကတော့ ကြီးကြီးမားမား အကျိုးဖြစ်စေပါတယ် အရှေ့ဘက်မှာဖြစ်နေတဲ့စစ်ပွဲတွေက နေရာအကျယ်ကြီးပါပဲ အနောက်ဘက်လို မြေကတုတ်ကျင်းတွေ မဆောက်နိုင်ကြပါဘူး စစ်မျက်နှာစာတစ်လျှောက်အတွက် ကတုတ်ကျင်းတူးဖို့ လူအင်အား မရှိကြဘူး မြေကတုတ်ကျင်းကို တူးကြမယ်ဆိုပါစို့ ဒါပေမယ့်လည်း မျက်နှာစာတစ်လျှောက်လုံးကို ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ရန်သူက ကိုယ့်ရဲ့ မြေကတုန့်ကျင်းတွေကို တိုက်ခိုက်စရာတောင်မလိုဘူး ဒီလိုပတ်ပြီး လာတိုက်လို့ရပါတယ် မြေကတုန့်ကျင်းတွေကို အဓိကအားမထားကြတဲ့အတွက် အရှေ့ဘက်တိုက်ပွဲတွေဟာ ပိုပြီးတော့ မြန်မြန်ဆန်ဆန် သိမ်းပိုက်တိုက်ခိုက်နိုင်ကြပါတယ် ဂျာမန်နဲ့ သြစတီးယားတို့အကြား တစ်ဦးနှစ်တစ်ဦး အပြန်အလှန် တန်ပြန်တိုက်ခိုက်မှုများ ရှိကြသည့်အပြင် ရုရှားတွေကလည်း တစ်ခြားတစ်ဘက်မှာရှိနေသေးပါတယ် အခုပြောမယ့် အခြားတစ်ချက်ကတော့ ရှုရှားတို့ရဲ့ အပြောင်းအလဲပဲဖြစ်ပါတယ် ရုရှားမှာ ဘာတွေဘယ်လိုဖြစ်နေတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ် ရုရှာမှာက အခြေအနေအများကြီးထူးခြားနေပါတယ် အဓိကကတော့ စစ်ပွဲကြီးမစခင်ကတည်းက ကြီးမားတဲ့ စစ်တပ်အင်အားကို ပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ် ဒါ့အပြင် နောက်ထပ်လည်း ထပ်စုဆောင်းနိုင်ခဲ့ပါသေးတယ် ဒါကြောင့် စစ်တပ်အင်အားတော်တော် တောင့်တင်ခဲ့ပါတယ် ဒါပေမယ့် ဘာပြဿနာတွေ ရှိနေလဲဆိုတော့ ပြည်တွင်းရေး ပြဿနာတွေရှိနေပါတယ် အဲဒီပြဿနာတွေကြောင့်ပဲ စစ်ပွဲကြီးမဆုံးခင်မှာ မဟာမိတ်အဖွဲ့တွေရဲ့ တစ်ဘက်သတ်ရေးဆွဲထားတဲ့ စစ်ပြေငြိမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ရတယ် ကျွန်တော် စစ်တပ်ပြဿနာ အကြောင်းပဲပြောနေတာမဟုတ်ပါဘူး အင်ပါယာတစ်ခုလုံးရဲ့ပြဿနာအကြောင်းကို ပြောနေတာပါ ပြဿနာအကြောင်းရင်းတွေကတော့ စီးပွားရေးပြဿနာ ၊ စစ်ပွဲမှာ အသုံးပြုခဲ့တဲ့ စစ်သားအတွက် အသုံးစရိတ်တွေကြောင့်လို့ ပြောလို့ရပါတယ် ၁၉၁၇ ခုနှစ် ရောက်တဲ့အခါမှာ ရုရှားနိုင်ငံမှာ ဖေဖော်ဝါရီ တောလှန်ရေးနဲ့ကြုံခဲ့ရပါတယ် ဇာနီကိုလပ် ( ၂) လည်း ထီးနန်းကို စွန့်လွှတ်ခဲ့ရပါတယ် အကြောင်းရင်းကတော့ တစ်နိုင်ငံလုံးဆူပူအုံကြွမှုဖြစ်တာတွေ ဆာလောင်မွတ်သိပ်မှုကြောင့်ဖြစ်တဲ့ ဒေါသတွေ မကျေနပ်တာတွေမှ တစ်ဆင့် လူတွေအားလုံး မင်းမဲ့စရိုက်တွေ ဖြစ်ကုန်တာကြောင့်ပါ အဓိကအချက်တစ်ခုကတော့ ရုရှားစစ်တပ်ပါ စစ်ပွဲကြီးအစမှာ စစ်အင်အား ကြီးကြီးမားမား ၊ တောင့်တောင့်တင်းတင်းရှိခဲ့ပေမဲ့လည်း စစ်တပ်ကို ကူညီထောက်ပံ့ပေးဖို့ ရုရှားရဲ့ပြည်တွင်းထုတ်ကုန်ကဏ္ဍဟာ အဆင်သင့်မဖြစ်နေခဲ့ပါဘူး အဲဒီအချက်က ဂျာမန်တွေကို မယှဉ်နိုင်ခဲ့ပါဘူး နောက်ထပ်အကြောင်းရင်အတော့ ဆက်သွယ်ရေး ပြဿနာကြောင့်ပါ စစ်ပွဲတွေရဲ့အစကတည်းကိုက အရှေ့ဘက်ပိုင်းဘက်တွေမှာ စစ်တပ်တွေကို ညွန်ကြားပေးဖို့အတွက် အခက်အခဲတွေ ကြီးကြီးမားမားကြုံတွေ့ခဲ့ကြရပါတယ် အဲဒီအကြောင်းတွေကို နောက်လာမည့်ဗီဒီယိုအခန်းမှာ အကျယ်တ၀င့် ဆွေးနွေးသွားပါမယ် ဘာပြဿနာတွေ တွေ့ရမှာလည်းဆိုရင်တော့ အနောက်ဖက်စစ်ပွဲတွေမှာ ဂျာမန်တွေရဲ့ Schlieffen စစ်ဆင်ရေးဟာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေပါတယ် ဒါကြောင့်မို့လို့ ဂျာမန်တွေက သူတိုရဲ့စစ်တပ်တွေကို ရုရှားတွေကို တိုက်ဖို့အတွက် အရှေ့စစ်မျက်နှာကို ပို့လိုက်ကြပါတယ် ဂျာမန်ရဲ့စစ်တပ်ဟာ အရှေ့ကိုလာလိုက် အနောက်ကိုပြန်လိုက်ဖြစ်နေတာကို တွေ့ရမှာပါ ဒါပေမယ့် ၁၉၁၇ခုနှစ်ထဲကို ရောက်တဲ့အခါမှာ ရုရှားနိုင်ငံမှာ တော်လှန်ရေးပွားခဲ့ပါတယ် ပထမ ဖေဖော်ဝါရီ တော်လှန်ရေးဖြစ်တယ် ဇာ နီကိုလပ်စ် ထီးနန်းကနေဆင်းခဲ့ရတယ် ပြိးတော့ နောက်နှစ်မှာပဲ ဂိုဘာချော့က ယာယီအစိုးရကိုဖယ်ရှားခဲ့ပြီး ရုရှားကွန်မျုနစ်ကို တည်ထောင်ခဲ့ပါတယ် ဂိုဘာချော့ရဲ့စစ်တယ်ဟာ ဂျာမန်တွေနဲ့ သြစတေးလျ- ဟန်ဂေရီတပ်တွေကို ဆက်လက်တိုက်ဖို့ ဆန္ဒမရှိကြတော့ဘူး အဲဒါနဲပဲ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုပြီး စစ်ပွဲကြီးကနေ ထွက်ခဲ့ကြပါတယ် နောက်လာမယ့် ဗီဒီယိုအခန်းတွေမှာ အဲဒီအကြောင်းတွေကို အသေးစိတ်ဆွေးနွေးသွားဖို့ရှိပါတယ် ..